Condominium နှင့် Apartment ကွာခြားချက်များ


14 November, 2020

ကွန်ဒိုနှင့် Apartment ကွာခြားချက်များကို သိရှိလိုစေလိုသောရည်ရွယ်ချက်ဖြင့်ဖော်ပြလိုက်ရပါသည်။

Apartment

Apartment တိုက်ခန်းအမျိုးအစားကိုရိုးရိုး Apartment ဟူပြီးခွဲခြားနိုင်ပါသည်။အဆင့်မြင့်Apartment ရှိအခန်းတိုင်းတွင် မျက်နှာစာနှစ်ဖက်ရှိသော အခန်းများအဖြစ်ဖန်တီးတည်ဆောက်ထားပါသည်။

အတက် အဆင်းလွယ်ကူစေရန်ဓာတ်လှေကားတပ်ဆင်ထားပေးခြင်း၊ရေပူရေအေးစနစ်တပ်ဆင်ထားပေးခြင်း၊လေအေးပေးစက်များတပ်ဆင်ထားပေးခြင်း၊အရေးပေါ်မီးငြိှမ်းသတ်နိုင်သောစနစ်တပ်ဆင်ပေးထားခြင်း၊

အရန်သင့်သုံးနိုင်သော လျှပ်စစ်ဓာတ်အားပေးစနစ်တပ်ဆင်ပေးထားခြင်း၊အဝင်အထွက်ပေါက်များနှင့် လှေကားခွင်ဧရိယာများတွင် စောင့်ကြည့်ကင်မရာစနစ်(CCTV)တပ်ဆင်ပေးထားခြင်း၊လုံခြုံရေးဝန်ထမ်းများကို

အချိန်ပြည့်ထားရှိစောင့်ကြည့်ပြီးစသည့် ဝန်ဆောင်မှုများပါဝင်သည်ဖြစ်ကြောင်းသိရသည်။

Apartmentတိုက်ခန်းများကို ဝယ်ယူနေထိုင်သူများမှ မိမိနေထိုင်ရာအခန်းကိုအပျောက်စနစ်နှင့် ဝယ်ယူထားခြင်းသာဖြစ်ကြောင်း သိရသည်။

အဆောက်အအုံတည်ရှိရာမြေနေရာနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ခွင့်၊အရေးဆိုခွင့်မရှိသောကြောင့် သဘာဝဘေးအန္တရာယ်နှင့်အဆောက်အအုံ၏သက်တမ်းကုန်ဆုံးဖြိုဖျက်ရသည့်အခါဖြစ်စေမိမိတို့အခွင့်အရေး များဆုံးရှုံးနိုင်ပါသည်။

Condominium

ကွန်ဒိုကတော့ ပိုင်ရှင်ဆိုပြီးသီးသန့်မရှိဘဲ Apartment Unit များကိုဝယ်ယူထားသူများမှ မိမိတို့အခန်းတစ်ခန်းချင်းစီသာမက ကွန်ဒိုတစ်ခုလုံးကို အများနှင့်သက်ဆိုင်သော common area များ၊ကားပါကင်များအပါအဝင်

အဆောက်အအုံတည်ရှိရာမြေနေရာကိုပါ အချိုးကျပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ဒိုApartment တိုက်ခန်းများကိုဝယ်ယူနေထိုင်သူများမှ အဆောက်အအုံပြင်ဆင်ခွင့်၊မွမ်းမံခွင့်၊တိုးချဲ့ခွင့်စသည့်တို့ အပါအဝင်သဘာဝဘေးအန္တရာယ်အကြောင်းတစ်စုံတစ်ရာကြောင့်ကွန်ဒိုအားပြန်လည်တည်ဆောက်ရမည်ဆိုလျှင်လည်း

မိမိတို့၏ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ခွင့်များကို လက်လွှတ်ဆုံးရှုံးမှုမရှိနိုင်ကြောင်း သိရသည်။

***သင်စိတ်ဝင်စားနိုင်သော တင်ဒါP.O များအကြောင်းသိကောင်းစရာ***

ထို့အပြင်ရောင်းချခွင့်၊ဝယ်ယူခွင့်၊ပိုင််ရှင်အမည်ပြောင်းလဲခွင့်၊ဘဏ်ချေးငွေလျှောက်ထားရယူခွင့်အဆောက်အအုံ ပြင်ဆင်မွမ်းမံခွင့်၊အဆောက်အအုံသစ်ဆောက်လုပ်ခွင့်စသောကိစ္စများကို စီမံခန့်ခွဲရေးကော်မတီမှ စီစဉ်ဆောက်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကွန်ဒိုနှင့်အဆင့်မြင့် Apartment များ၏မတူညီသောအချက်မှာ အဆင့်မြင့် Apartment များမှာ ယာဉ်ရပ်နားရန်နေရာအားတိုက်ခန်းဝယ်ယူထားသောသူများအတွက်သာ စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ဒိုကတော့ Apartment Unit များကိုဝယ်ယူထားသူများအတွက်သာမက ဧည့်သည်များအတွက်ပါ ယာဉ်ရပ်နားရန်နေရာစီစဉ်ပေးထားကြောင်း သိရသည်။

မြို့နယ် သို့မဟုတ် ရပ်ကွက်တစ်ခုတွင် ဆောက်လုပ်ထားသော ကွန်ဒိုApartment နှင့် အဆင့်မြင့် Apartment အဆောက်အအုံနှစ်ခုတို့မှ ဆောက်လုပ်ထားသော

အရည်အသွေး၊အခန်းအကျယ်အဝန်း တူညီလျှင်တောင်မှ ကွန်ဒိုနှင့် အဆင့်မြင့် Apartment များ၏တိုက်ခန်းစျေးနှုန်းများ ကွာခြားသည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်အခန်းတစ်ခန်းချင်းသာမက မြေကိုပါ အချိုးကျပိုင်ဆိုင်ခွင့်ရှိပြီးအခန်းပိုင်ရှင်များ၏ဆန္ဒပြုခွင့်၊တင်ပြခွင့်၊ဆွေးနွေးခွင့် စီမံခန့်ခွဲခွင့်စသော လုပ်ဆောင်ခွင့် ရရှိသောတိုက်ခန်းသည်သာ ကွန်ဒိုဖြစ်ကြောင်း သိရသည်။

Source:Shwe Property

Tips Read 301 times