ဘန်ကောက်ရှိအဓိကလမ်းမကြီးတစ်ခုဖြစ်သည့်Sukhumvit လမ်းမကြီးပေါ်တွင်တည်ရှိသည့် MUNIQ အဆင့်မြင့်အိမ်ရာစီမံကိန်းနှင့် ဘန်ကောက်စီးပွားရေးဇုန်(Central Business District)တွင်တည်ရှိသည့် MARQUE အဆင့်မြင့်အိမ်ရာကိန်းတို့မှကွန်ဒိုတိုက်ခန်းများကိုရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အရောင်းပြပွဲပြုလုပ်ကာထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း အရောင်းပြပွဲကိုဦးစီးကျင်းပမည့် SQFT Global Properties မှသတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။
MUNIQ နှင့် MARQUE အဆင့်မြင့်အိမ်ရာစီမံကိန်းနှစ်ခုမှ ကွန်ဒိုတိုက်ခန်းများအရောင်းပြပွဲအားရန်ကုန်မြို့တွင် စက်တင်ဘာ၉ရက်နှင့် ၁၀ရက်၊မွန်းတည့်၁၂နာရီမှ ညနေ၆နာရီအထိနိုဗိုတယ်ဟိုတယ်ရှိယူရီကာ(Eureka)ခန်းမ တွင်လည်းကောင်း မန္တလေးမြို့တွင် စက်တင်ဘာ၁၆ရက်နှင့် ၁၇ရက်၊မွန်းတည့်၁၂နာရီမှ ညနေ၆နာရီအထိ မန္တလေးမြို့ဆီဒိုးနားဟိုတယ်Ballroomတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
SQFT Global Propertiesသည် မြန်မာနိုင်ငံတွင်ဇူလိုင်လအတွင်းက ဘန်ကောက်အဆင့်မြင့်အိမ်ရာတစ်ခုဖြစ်သည့် Whizdom 101စီမံကိန်းမှ ကွန်ဒိုတိုက်ခန်းများကိုအရောင်းပြပွဲပြုလုပ်ကာ လာရောက်ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၏စိတ်ဝင်စားမှုကို အထူးရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း သိရသည်။
Daily Eleven