လွှတ်တော်တွင်အတည်ပြုလိုက်ပြီဖြစ်သည့် ကွန်ဒိုဥပဒေကြောင့် ကွန်ဒိုတိုက်ခန်းများ ၏ ဝယ်လိုအား ဆက်တိုက်မြင့်တက်လာနိုင်ကြောင်း အရောင်းအဝယ် ပြုလုပ်သူများထံမှ သတင်းရရှိသည်။
အထူးသဖြင့် ဈေးကွက်အတွင်းကြိုပွိုုင့်ဝယ်ယူထားသည့်ဝယ်ရောင်းသမားများ အဓိကအရောင်းအဝယ် ဖြစ်လာနိုင်ပြီးအစိုးရသစ်လက်ထက် ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများအားရောင်းချရန် စီစဉ် နေပြီဖြစ်ကြောင်းအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
ကွန်ဒိုမီနီယံဥပဒေထွက်ပေါ် လာသဖြင့် နိုင်ငံခြားသားများအတွက် ကွန်ဒိုတိုက် ခန်းတစ်လုံး၏ ၄ဝ ရာခိုင်နှုန်းကိုဆောက်လုပ်ရေးကုမ္ပဏီများမှ ရောင်းချနိုင်ကြကြောင်း၊ ကွန်ဒိုမီနီယံဥပဒေအရဆောက်လုပ်ရေးလုပ်ငန်းများကိုစည်းမျဉ်း၊ စည်းကမ်းများသတ်မှတ်ပြီးဥပဒေအရတင်းကျပ် လိုက်ခြင်းဖြစ်သည့်အတွက် အရည်အသွေးကောင်းမွန်သည့် အခန်းများတွက်ပေါ်လာနိုင်ကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဝင်းမြင့်ကဆိုသည်။
နိုင်ငံခြားသားများအားဝယ်ယူခွင့်ပေးလိုက်သည့်အတွက် ကွန်ဒိုတိုက်ခန်းများလုပ်ငန်း၏ ၄၀ရာခိုင်နှုန်းအပေါ် နိုင်ငံခြားငွေများပိုမိုစီးဆင်းလာနိုင်ပြီး အရောင်းအဝယ် တည်ငြိမ်နေသောကွန်ဒိုတိုက်ခန်းဈေးကွက်အပေါ် အပေါင်းလက္ခဏာဆောင်သည့် သဘောဟုဇေကမ္ဘာဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဇေသီဟကဆိုသည်။
ဇန်နဝါရီ ၂၂ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စုပေါင်းအဆောက်အအုံဥပဒေ(ကွန်ဒိုဥပဒေ)အပေါ် အပိုဒ် လိုက်ဆွေးနွေးကာဥပဒေတစ်ခုလုံးကိုအတည်ပြုလိုက်ခြင်းဖြစ်ပြီးထိုကဲ့သို့ အတည် ပြုခဲ့ရာတွင် ပြည်တွင်းရှိကွန်ဒိုအဆောက် အအုံတစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင် နှုန်းအား နိုင်ငံခြားသားများကိုရောင်းချခွင့် ရှိသည့်အချက်အပါအဝင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ကွန်ဒိုအထပ်မြင့်တိုက်ခန်းများဆောက် လုပ်မှု များပြားလာသော်လည်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကနောက်ဆုံးကောက်ယူထားသည့် စာရင်းများအရကွန်ဒို ဝယ်ယူနိုင်သည့် အိမ်ထောင်စုမှာလေးသောင်းခန့်သာရှိပြီး ၎င်းတို့ က ကွန်ဒိုများဝယ်ယူမှု မရှိသောကြောင့် ကွန်ဒိုတိုက်ခန်းဈေးကွက်မှာယနေ့အထိဈေးကွက်မှာအေးစက်နေဆဲဖြစ်သည်။