ဗဟိုဘဏ်အတိုးနှုန်းများမြင့်တက်ခြင်းကြောင့်ဆောက်လုပ်ရေးလုပ်ငန်းများအခက်တွေ့နေရသဖြင့်
အတိုးနှုန်းလျှော့ချပေးပါက အဆင်ပြေမည်ဖြစ်ကြောင်း မြန်မာ့ဆောက်လုပ်ရေးဆန်းစစ်လေ့လာရေးအဖွဲ့မှ ပရိုဂရမ် မန်နေဂျာ(အမရပူရမြို့ပြစီမံကိန်း၊သတင်းပြန်ကြားရေးတာဝန်ခံ) မှ ပြောဆိုထားကြောင်း သိရသည်။
ဗဟိုဘဏ်၏ အတိုးနှုန်းမြင့်တက်မှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းများ၏ နှစ်လတ်၊နှစ်ရှည် စီမံကိန်းများ အခက်တွေ့နေရသည့်အပြင်အစိုးရအနေဖြင့်
ဗဟိုဘဏ်မှ အိမ်ခြံမြေအခွန်ရာခိုင်နှုန်း ၃ဝအား ကာလတစ်ခုအဖြစ် နှစ်နှစ်တန်သည်ဖြစ်စေ၊သုံးနှစ်တန်သည်ဖြစ်စေ လျှော့ချပေးသင့်ကြောင်း သိရသည်။
အရောင်းအဝယ်များပြန်လည်လည်လာရန်အတိုးနှုန်းများချပေးစေချင်သည်။အရောင်းအဝယ်သည်လည်း အခွန်နှုန်းမြင့်မားလာသည့်အတွက်
ယခုထိ ဝယ်လိုအား မတက်လာသေးကြောင်းသိရသည်။ယခင်က အလုုပ်သမား ၁ဝဝဝနှင့်လုပ်နေသော ဆိုဒ်ကြီးတစ်ခုသည် ယခုတွင်၄ဝဝ သာရှိသည်။
ယခင် အင်ဂျင်နီယာ ၂ဝဝ မှ ယခု ၈ဝခန့်သာ ထားနိုင်တော့သည်။
စီမံကိန်းခွင့်ပြုမိန့်များ မကြန့်ကြစေရန်နှင့် ဘဏ်ချေးငွေများအား နှစ်ရှည်ချေးပေးနိုင်ရန် ဖန်တီးပေးသင့်ပြီး ဝယ်ယူသူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများ
ဝယ်ယူနိုင်ရန် ဝင်ငွေတစ်ခုပေါ်တွင် မူတည်၍ဘဏ်အတိုးနှုန်း နည်းပါးစွာဖြင့် ငါးနှစ် သို့မဟုတ် ၁ဝနှစ် ချေးယူနိုင်မည့် ရေရှည်စီမံကိန်း
ချေးငွေများ ဖော်ထုတ်ပေးသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ပြောဆိုကြကြောင်း သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းပါက အလုပ်အကိုင်များ ခက်ခဲလာမည်ဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများမရပ်ဆိုင်းစေလိုကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ နေ့စားများမှ ပြောဆိုထားကြောင်းသိရသည်။