တရုတ်နိုင်ငံ ဝူဟန်မြို့တွင် Coronavirus ရောဂါပိုးကူးစက်ခံထားရသူများကိုထားရှိရန်တည်ဆောက်နေသော ဆေးရုံသစ်ကြီးသည် လေးရက်အတွင်း ထက်ဝက်ခန့်ပြီးစီးနေပြီဖြစ်သည်ဟု သိရသည်။
အဆိုပါကုတင် ၁၀၀၀ ဆေးရုံသစ်ကြီးကို ယခုရက်သတ္တပတ်အကုန်တွင် အပြီးတည်ဆောက်ရန်မျှော်မှန်းထားသည်။
ဆေးရုံသစ်ကို Huoshenshan ဟု အမည်ပေးထားပြီး Fire God Mountain Hospital ဟု အဓိပ္ပာယ်ရသည်။
မြေခြောက်ဧကပေါ်တွင်တည်ဆောက်ထားပြီး ယာယီအဆောက်အအုံများ၊ သင်္ဘောကွန်တိန်နာများဖြင့် ဖွဲ့စည်းထားကာ ဖေဖော်ဝါရီလ ၃ ရက်တွင် လူနာများကို စတင်လက်ခံသွားမည်ဖြစ်သည်။
၂၀၀၃ ခုနှစ်ကလည်း SARS ရောဂါကြောင့် ဘေဂျင်းမြို့တွင် အလားတူယာယီဆေးရုံတစ်ခုကို တည်ဆောက်ခဲ့ရဖူးသည်။
ယခုအခါ လူ ၁၀၀ ကျော်သေဆုံးသူရှိလာပြီးဖြစ်သော Coronavirus ရောဂါပိုးသစ်ကြောင့် စုစုပေါင်းဆေးရုံသစ်လေးခုအထိ တည်ဆောက်သွားရန် မျှော်မှန်းထားသည်ဟု သိရသည်။