ရန်ကုန်မြစ်တွင်မြေသားစမ်းသပ်မှုများဆောင်ရွက်နေသော ဒလတံတားတည်ဆောက်ရေး


04 November, 2020

ရန်ကုန်မြို့လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ်ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီး တို့ဆက်သွယ်တည်ဆောက်မည့် ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးအတွက် တံတားချဉ်းကပ်လမ်းနှစ်ဖက်တွင် မြေသားစမ်းသပ်မှုလုပ်ငန်းများဆောင်ရွက်ပြီးစီးကြောင်းသိရသည်။

ယခုတွင် ရန်ကုန်မြစ်အတွင်းတွင် Area Name-A, Area Name-B, Area Name-Cဖြင့်တည်နေရာများ သတ်မှတ်ပြီး မြေသားစမ်းသပ်ရေးဝမ်းပြားရေယာဉ်ကို ကျောက်ချထားပြီး စမ်းသပ်နေကြောင်းသိရသည်။

မြေသားခံနိုင်ဝန်စမ်းသပ်တိုင်းတာခြင်းကို Suntac Technologies ကုမ္ပဏီမှ တာဝန်ယူပြီးနည်းပညာပိုင်းဆိုင်ရာ စမ်းသပ်အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေးတို့အတွက်

လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မကြာခင်ရန်ကုန်မြို့အတွင်းရှိမြေသားစမ်းသပ်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားတညဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီးဒလတံတား တည်ဆောက်မည့်ဧရိယာရေပြင်ရှိသတ်မှတ်တည်နေရာများတွင်မြေသားစမ်းသပ်မှုများကိုစမ်းသပ်ရေးဝမ်းပြား

ရေယာဉ်ကိုကျောက်ချထားရှိကာလုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီးဆောင်ရွက်နေစဉ်အတွင်း ယင်းရေယာဉ်များတွင်နေ့အချိန်တွင်လိမ္မော်ရောင်အလံကို သိသာထင်ရှားစွာလွှင့်ထူထားပြီးညအချိန်တွင် အနီရောင်အချက်ပြမီးကိုပြသထားကြောင်းသိရသည်။

ရေယာဉ်တွင် VHF CH-16 ဆက်သွယ်ရေးစက် တပ်ဆင်ထားပြီးလုပ်ငန်းဆောင်ရွက်နေသည့်ရေယာဉ်အနီးမှ ဖြတ်သန်းသွားလာသော ရေယာဉ်များအနေဖြင့်ထိုယာဉ်များနှင့်မီတာ၃ဝခန့်အကွာမှ

ဖြတ်သန်းသွားလာကြရန်နှင့် မီတာ၅ဝအတွင်းကျောက်ချရပ်နားခြင်းမပြုရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။

ဒလမြို့နယ်ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတစ်လျှောက်တွင်တံတားအူလမ်းကြောင်းနှင့်မူလ သတ်မှတ်ထားသောတံတားချဉ်းကပ်လမ်းအား

တံတားမြေဧရိယာများတိုင်းတာပြီးလမ်းမကြီးဝဲယာတစ်လျှောက် တွင်အလံတိုင်များဖြင့်စိုက်ထူဆောင်ရွက်လျက်ရှိပြီးတိုင်များစိုက်ထူရာတွင် ယခင်ကသတ်မှတ်ထားသည့် ဧရိယာထက်၁၅ပေခန့်ပါရှိသွားကြောင်း

ထိုအကြောင်းအရာအားတာဝန်ရှိသူများအားတင်ပြသွားမည်ဖြစ် ကြောင်းသိရသည်။

အောက်တိုဘာ၅ရက်မှစတင်ပြီး နိုဝင်ဘာ၅ရက်အထိ တစ်လတိတိအချိန်ပေးပြီးတံတားဧရိယာနှင့်မလွတ်ကင်း သည့်မြေယာလျော်ကြေးပေးထားပြီးသည့်နေအိမ်နှင့် ဈေးဆိုင်များကိုပါပြောင်းရွှေ့ခိုင်းထားကြောင်း၊

ထိုအကြောင်းကိုလည်းဒေသခံပြည်သူများသည် အစည်းအဝေးများတွင်သိရှိပြီးပြီ ဖြစ်ကြောင်းသိရသည်။

ဒလတံတားကြီးတည်ဆောက်ရန်အတွက်မြင်တွေ့ရတော့မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏လူမှုရေး၊စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် စီးပွားရေးမြို့တော်ရန်ကုန်မြို့သို့စက်တပ်သမ္ဗန်များစီးပြီး

အခက်အခဲပေါင်းများစွာဖြင့်ဖြတ်သန်းသွားလာနေခြင်းကြောင့် ရန်ကုန်-ဒလတံတားကြီး တည်ဆောက်ပြီးစီးသွားပါကဒေသအတွက် များစွာဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း ကမာကဆစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှပြောကြားကြောင်းသိရသည်။

Source:The Mirror Daily

Local Read 40 times