မြောင်းမြခရိုင်အတွင်း လမ်းကွန်ရက်အမှတ်(၁၀)ပေါ်တွင် ကျွန်းကုန်းတံတားအသစ် တည်ဆောက်


12 December, 2020

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်း ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံးမငေး-ဝါးခယ်မ-မြောင်းမြလမ်းကွန်ကရက်အမှတ်(၁၀)ပေါ် မူလကျွန်းကုန်းကြိုးတံတားနှင့် ယှဉ်၍ ပြန်မလော့မြစ်ပေါ်တွင် တံတားတစ်စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား တည်ဆောက်ရေးအဖွဲ့(၂)က တာဝန်ယူတည်ဆောက်လျက်ရှိသည်။

အဆိုပါ တံတားမှာ အလျား မီတာ ၂၄၀၊ အကျယ် ၇ ဒသမ ၅ မီတာရှိပြီး တံတားအပေါ်ထည်(၅၀+၆၀+၅၀)မီတာ၊ သံမဏိသံပေါင် သုံးခန်း၊ မီတာ ၂၀ သံကူကွန်ကရစ်ယက်မ၊ သံကူကွန်ကရစ် ဘိုးပိုင်၊ ရေလမ်း ကင်းလွတ်အမြင့်နှင့် အကျယ်မှာ(၁၈x၁၆၀)ပေနှင့် လူသွားလမ်းတစ်ဖက်သုံးပေ၊ စီမံကိန်းတန်ဖိုး(လျာထား)မှာ ငွေကျပ် ၇ ဒသမ ၆၀ ဘီလီယံဖြစ်သည်။

ကျွန်းကုန်းတံတားအသစ် တည်ဆောက်ပြီးသွားလျှင် ဖျာပုံခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်အတွင်းရှိ ဒေသခံပြည်သူများသည် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံးမငေး-ဝါးခယ်မ-မြောင်းမြ ဧရာဝတီတိုင်းဒေသကြီးလမ်းကွန်ရက်အမှတ်(၁၀)အတိုင်းလာ၍ ပုသိမ်သို့လည်းကောင်း၊ ရန်ကုန်သို့လည်းကောင်း မူလ ရန်ကုန်-ပုသိမ်ကားလမ်းမှ တိုက်ရိုက်သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
 

Infrastructure and Zones Read 89 times