ဆောက်လုပ်ရေး ကုမ္ပဏီများကို လုပ်ငန်းကျွမ်းကျင်မှု အဆင့်ခွဲခြားသတ်မှတ်သည့် အစီအစဉ်စတင်


26 October, 2020

ဆောက်လုပ်ရေးကုမ္ပဏီများကိုလုပ်ငန်းကျွမ်းကျင် လုပ်ကိုင်နိုင်မှုနှင့်ပတ်သက်၍အဆင့်ခွဲခြားသတ်မှတ်မည့် အစီအစဉ် စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း မှ သတင်းရရှိသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေအရအဆိုပါအစီအစဉ်ကိုလုပ်ဆောင်ခြင်းဖြစ်ပြီးကုမ္ပဏီများတွင် အသုံးပြုသည့် အင်ဂျင်နီယာများ၏ အရည်အသွေး၊ အသုံးပြုသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ကြည့်၍ အဆင့်ခွဲခြားသတ်မှတ်မည်ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းထံသို့ ၎င်းတို့၏ သဘောဆန္ဒအရလာရောက်စစ် ဆေးခံသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၅၀ကျော်ရှိပြီး ထပ်မံ၍ စစ်ဆေးခံမည့် ကုမ္ပဏီများလည်းရှိနေပြီဖြစ်ကြောင်းသိရသည်။.

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများခေတ်ကောင်းလာသည့် ၂၀၁၃-၁၄ နှစ်များကဆောက်လုပ်ရေးကုမ္ပဏီများမှတ်ပုံတင်သည့်အရေအတွက်များပြားလာပြီး ၂၀၁၅ တွင် မူ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်းအများဆုံးပါဝင်သောကုမ္ပဏီများဝင်ရောက်မှုမှာအာအကောင်းဆုံး ဖြစ်ခဲ့ကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောသည်။

ယခုကဲ့သို့ အင်ဂျင်နီယာအသင်း၏ လုပ်ဆောင်ချက်ကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအနေဖြင့်ကြိုဆိုပြီးရေရှည်တွင် စီးပွားရေးဆန်ဆန်လုပ်ကိုင် သည့်ကုမ္ပဏီများအားကောင်းလာနိုင်ကာတစ်ပွဲထိုးဝင်ရောက် လုပ်ကိုင်သည့် ကုမ္ပဏီအရေအတွက် လျော့သွားနိုင်ကြောင်း Three Friends ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းရှင် ဦးကိုကိုလေးကပြောသည်။

‘‘ဒီလိုလုပ်တဲ့အပေါ်မှာအင်ဂျင်နီယာအသင်းနဲ့အတူ ကျွန်တော်တို့ အပြည့်အဝပူးပေါင်းသွားမှာပါ။ ကုမ္ပဏီကြီးတွေအနေနဲ့လည်းဒီထက်မကအဆင့်သတ်မှတ်ချက်တွေကိုပိုကောင်းလာအောင်၊ ခိုင်မာလာအောင် လုပ် လာကြလိမ့်မယ်’’ ဟုဦးကိုကိုလေးကဆိုသည်။

ယခုကဲ့သို့ ဆောက်လုပ်ရေးကုမ္ပဏီများအားအဆင့်ခွဲခြားသတ်မှတ်လိုက်ပါက ပြည်တွင်းကုမ္ပဏီများသည် ပြည်ပကုမ္ပဏီများနှင့်ယှဉ်ပြိုင်ရန် အခက်အခဲရှိပြီးနည်းပညာငွေကြေးအသုံးပြုမှုအပိုင်းတွင် များစွာကွာခြားသဖြင့် အဆင့်သတ်မှတ်ခံရမှု၌ ပြည်ပကုမ္ပဏီများဦးစားပေးအဆင့်တွင် ပါဝင်လာနိုင်ကြောင်းလုပ်ငန်းရှင်များကသုံးသပ်နေကြသည်။

Tips Read 68 times