ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့သို့ ဆက်သွယ်မည့် တွံတေး တူးမြောင်းကူး တံတားတစ်စင်းကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် စတင် တည်ဆောက်သွားမည်ဟု သိရသည်။
တွံတေးတူးမြောင်းသည် ၁၈၇၃ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး အလျား ၂၂ မိုင်ခန့် ရှိကာ ရန်ကုန်မြစ်နှင့် တိုးမြစ်ကို ဆက်သွယ် ဖောက်လုပ်ထားသော အဓိကရေလမ်းကြောင်း တစ်ခုဖြစ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက်မည့် တွံတေးတူးမြောင်းကူး တံတားအမျိုးအစားမှာ သံမဏိ သံပေါင်တံတား၊ နှစ်လမ်း သွားဖြစ်ကြောင်း၊ တံတား အရှည် ၇၇၅ မီတာ၊ အကျယ် ၁၀ မီတာ၊ ချဉ်းကပ် လမ်းအပါအဝင် စုစုပေါင်း အရှည် ၂,၅၄၂ ပေ ရှိပြီး စုစုပေါင်း ငွေကျပ် ၂၅ ဘီလီယံ ကုန်ကျမည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတား တည်ဆောက်ရေးအဖွဲ့ (၁) မှ တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၅,၀၀၀ ချထားပေးခဲ့ပြီး ယခုအခါ မြေနေရာရှင်းလင်းခြင်း၊ စီမံကိန်းနေရာ သတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။