၂ဝ၁၈ ခုနှစ်အတွင်းတွင်ဆောက်လုပ်ခွင့်ပါမစ်များ အပြီး ပြောင်းလဲဆောင်ရွက်မည်


20 November, 2020

ဆောက်လုပ်ရေးကဏ္ဍတွင် တွေ့ကြုံနေရသည့် အခက်အခဲများအား ဖြေရှင်းနိုင်ရေးနှင့် လုပ်ငန်း ရေရှည် တိုးတက်ရေး အတွက် ဆောက်လုပ်ခွင့်ပါမစ်များ အပြီး ပြောင်းလဲဆောင်ရွက်ရေးအတွက် ၂ဝ၁၈ ခုနှစ်အတွင်းတွင် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ရရက်တွင်ဆောက်လုပ်ရေးကဏ္ဍတွင် တွေ့ကြုံနေရသည့်အခက်အခဲများအား ဖြေရှင်းနိုင်ရေး နှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော် မှ

ကူညီဖြေရျင်း ပံ့ပိုးပေးနိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မှ တင်ပြသည့်အခမ်းအနားတွင်ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ စည်ပင်သာယာဥပဒေအား ပြုပြင်ပြောင်းလဲနိုင်ရန်နှင့် ဆောက်လုပ်ခွင့် ပါမစ်များကို ပြောင်းလဲဆောင်ရွက်နိုင်ရန် ၂ဝ၁၈ ခုနှစ်အတွင်းတွင် ပြီးစီးရန်ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့သော် ဥပဒေ သည် ဥပဒေကြမ်းသာ ဖြစ်နေသေးသည်။ထို့ကြောင့် တိုက်တွန်းခဲ့ပြီး ပြည်ထောင်စုအစိုးရ၏ ကုသသော ကုထုံးကို ပြည်ထောင်စုလွှတ်တော်ဘက်မှ

အင်တိုက်အားတိုက်နှင့် မြန်မြန်ဆောင်ရွက်နိုင်မည်ဆိုလျှင် ဧပြီ ၁ရက်တွင် ထို ဥပဒေအား စသွားမည်ဖြစ်သည်။

လက်မလည်အောင်လုပ်ငန်းများရလာနိုင်သည်။ထိုပြင် ယခုဆောက်လုပ်မည့် ပရောဂျက် အကြီးကြီး များ၏ ကြိုပွိုင့်ဝယ်ယူမှုများလည်း ပေါ်လာနိုင်သည်။

ဒေါ်လာ၊ရွှေ၊အိမ်ခြံမြေနှင့် ယခု လက်ရှိပြောင်းလဲလာသော အခွန်ဥပဒေသစ်၏ ကုထုံးအသစ် တစ်ခုရလာနိုင်သည် ဟု ယူဆမိကြောင်း သိရသည်။

Laws and Regulations Read 77 times