ရန်ကုန်မြို့တွင် မျက်နှာစာ ၂၅ပေကျော်ရှိသော မြေကွက်တွင် အထပ်မြင့်ဆောက်ရန် လျှောက်ထားပါက ကားရပ်ရန် နေရာရှိမှ သာဆောက်လုပ်ခွင့်ပါမစ်ချပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
လက်ရှိရန်ကုန်မြို့တွင်တည်ဆောက်ထားသည့်အထပ်မြင့်အဆောက်အအုံအချို့တွင် မျက်နှာစာ ၂၅ပေကျော် မြေအကျယ်အဝန်းရှိသော်လည်း
ယာဉ်ရပ်နားရန်နေရာမရှိသည့်အတွက်ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ယခုကဲ့သို့ကားရပ်ရန် မြေနေရာရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားကြောင်း သိရသည်။
၂ဝ၁၇ခုနှစ်တွင် ချပေးထားသည့် အထပ်မြင့်အဆောက်အအုံများတွင်ပုံမှန်အတိုင်းတည်ဆောက်ခွင့်ရမည်ဖြစ်သော်လည်း ၂ဝ၁၈ခုနှစ်အတွင်း လျှောက်ထားသည့်
အထပ်မြင့် အဆောက်အအုံများမှာ ကားရပ်ရန်နေရာမပါရှိပါက ဆောက်လုပ်မှု ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တွင်ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားစေလျက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်အထပ်မြင့် အဆောက်အအုံများတွင် ကားရပ်ရန် နေရာဦးသည့်ပြဿနာများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း မြို့တွင်းမြို့နယ်နေ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယခင်က မျက်နှာစာတွင် ပေ၅ဝ ရှိမှ ကားပါကင်ထားခိုင်းသည်။ယခုမျက်နှာစာ ၂၅ပေ အကျယ်အထပ်မြင့်ဆောက်လျှင် ၂၅ပေရှိလျှင် ကားပါကင်ထားရမည်ဖြစ်သည့်အတွက်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနှင့် ဆောက်လုပ်ရသည့်နေရာကျဉ်းသွားသဖြင့် လုပ်ကိုင်ရအခက်အခဲဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။