ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့်အဆောက်အအုံသစ်များတည်ဆောက်ရန် စိတ်ဝင်စားမှုနည်းပါး


06 December, 2020

 ရန်ကုန်မြို့တွင်တိုက်ခန်းဝယ်လိုအားကျဆင်းနေခြင်းကြောင့် ပြည်တွင်းရှိဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အဆောက်အအုံသစ်များတည်ဆောက်ရန် စိတ်ဝင်စားမှုနည်းပါးလာကြောင်းသိရသည်။

            လတ်တလောတွင် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ပြည်သူများကနေထိုင်ရန် လာရောက်အပ်နှံသောလုံးချင်းအဆောက်အုံများကိုသာ လက်ခံတည်ဆောက်ပေးနေပြီး အိမ်နှင့်မြေပိုင်ရှင်တို့ဖြင့် အကျိုးတူပူးပေါင်းမှုသည် ယခင်နှစ်များနှင့် ယှဉ်ပါက ယခုနှစ်တွင် ထက်ဝက်နီးပါးလျော့ကျနေရာ ဈေးကွက်ရှိသည့် ရန်ကုန်မြို့လယ်ကောင်မြို့နယ်များတွင်သာတည်ဆောက်ပြီး မြို့စွန်မြို့နယ်များတွင်သာ တည်ဆောက်မှုရပ်နားထားကြောင်းသိရသည်။

            အဆောက်အအုံတစ်ခုတည်ဆောက်ဖို့ဆိုတာ ငွေကျပ်သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီးလုပ်ရတာပါ။မရောင်းရဘူးဆိုရင်ငွေကြေးအရင်းအနှီးများစွာပိတ်မိမည့်အနေအထားတွင်ရှိနေသောကြောင့် အဆောက်အုံအသစ်တွေကို ဆောက်လုပ်ရန် စိတ်ဝင်စားမှုနည်းနေကြခြင်းဖြစ်သည်။

          အဝယ်မရှိဘဲနှင့် မည်သူကမှ အရဲစွန့်ပြီး အရှုံးခံမဆောက်ဘူး။ဒေါ်လာဈေးမြင့်တက်နေမှု အခြေအနေကလည်း အဆောက်အအုံအသစ်တွေတည်ဆောက်ဖို့စိတ်ဝင်စားမှုနည်းစေတယ်။ဝယ်ယူရသည့် ကုန်ကြမ်းတချို့က ပြည်ပမှ တင်သွင်းရတာဆိုတော့ ကုန်ကြမ်းဈေးပါတက်လာတာ။

          တည်ဆောက်ပြီးလို့အခန်းပြန်ရောင်းမည်ဆိုတော့ ဈေးတအားမြင့်နေတော့ အခက်အခဲရှိသည်။ဝယ်ကြမှာမဟုတ်။ဒါကြောင့် လတ်တလောမှာတော့ အဆောက်အအုံအသစ်များတည်ဆောက်ဖို့အတော်စဉ်းစားနေရသည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဆောက်လုပ်ရေးပိုင်ရှင်တစ်ခုမှပြောကြားသည်။

          ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ပွင့်လင်းရာသီရောက်မှသာအဆောက်အအုံသစ်များ ပြန်လည်တည်ဆောက်ရန်စီစဉ်ထားကြောင်းသိရသည်။

Source:Myawaddy

Local Read 47 times