ယနေ့ခေတ် မြန်မာ့ဆောက်လုပ်ရေးအခြေအနေ


19 November, 2020

အစိုးရသစ်တာဝန်ယူလိုက်သည့် အချိန်မှ စတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းသည် မိုးပျံပူဖောင်းပေါက်တော့မည် အခြေအနေသို့ ရောက်ရှိနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ပြောကြားကြောင်း သိရသည်။

ယင်းအကြောင်းအရာအား ရန်ကုန်တိုင်းဝန်ချုပ်မှ ရန်ကုန်မြို့ရှိမင်းဓမ္မခန်းမတွင် ပြုလုပ်သည့်ဆောက်လုပ်ရေးကဏ္ဍတွင် တွေ့ကြုံနေရသော အခက်အခဲများဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်းပံ့ပိုးပေးနိုင်ရန် တင်ပြခြင်း အခမ်းအနားနှင့် ၂ဝ၁၈ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ကြမ်းပါ စာမျက်နှာ (၁၆)အပိုဒ် ၂၅တွင် ဖော်ပြထားသော အချက်များ ပထမ ခြောက်လအတွင်း ဝင်ငွေခွန် သုံးရာခိုင်နှုန်း ဒုတိယ ခြောက်လ ဝင်ငွေခွန် ငါးရာခိုင်နှုန်းသည် တိုင်းပြည်စီးပွားတိုးတက်မှုကို များစွာအထာက်အကူဖြစ်စေနိုင်ကြောင်း သိရသည်။

စျေးနှုန်းများသည်လည်း နာဂစ်မုန်တိုင်းအခြေအနေတန်ဖိုးနှင့် တွက်ကြည့်မည်ဆိုလျှင် ၁ဝဆ ခန့်ပြောင်းလဲနေသည့်အခြေအနေမျိုးဖြစ်သည်။ထို့ပြင် ဆောက်လုပ်ရေးကဏ္ဍနယ်ပယ်အသီးသီး တွင် တည်ဆောက်ရေးကဏ္ဍနှင့် ပတ်သက်ပြီး ချမှတ်ထားသော မူဘောင်များ ပြန်လည် သုံးသပ်ရမည့်အခြေအနေမျိုး ရောက်နေသည်။

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများစွာပေါ်လာသည်နှင့်အမျှ လူနေမှု သည်လည်း ရန်ကုန်မြို့တွင် သိပ်သည်းမှုများစွာဖြစ်နေသည်။ထို့ပြင်နိုင်ငံ၏ အရေးအကြီးဆုံး ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆောက်လုပ်ရေးကဏ္ဍပါဝင်ကြောင်း၊နိုင်ငံအားတည်ဆောက်ရမည့်အချိန်ကာလတွင် ဆောက်လုပ်ရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊သို့သော် ဆောက်လုပ်ရေးကဏ္ဍကြီး၏ အခြေအနေနှင့် ပြောင်းလဲလာသည့် အနေအထား တစ်ခုအား စနစ်တကျပြန်လည် သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ဆောက်လုပ်ရေးကဏ္ဍနယ်ပယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အလွန်အင်မတန်မြန်ဆန်လွန်းလှကြောင်း၊
၂ဝဝ၈ခုနှစ် နာဂစ်မုန်တိုင်း ကာလ၏အခြေအနေနှင့် ၂ဝ၁၅ခုနှစ်အခြေအနေသည် အများကြီး ကွာခြားသွားသည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊တန်ဖိုးများ များစွာပြောင်းလဲသွားပြီး ဆောက်လုပ်ရေးကဏ္ဍနယ်ပယ်အသီးသီး၏

ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်လည်း ကြီးမားလာကြောင်း၊နည်းပညာပိုင်းများစွာပြောင်းလဲ သွားခဲ့ပြီး တည်ဆောက်ရေးစနစ်များလည်း အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်လာသည့်အခြေအနေကိုတွေ့မြင်ရကြောင်း သိရသည်။

ထို့အပြင် ဆောက်လုပ်ရေးနယ်ပယ်အတွင်း နိုင်ငံတကာ၏ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုသည် ပိုမိုများပြားလာသည်။ဆောက်လုပ်ရေးကဏ္ဍနယ်ပယ်နှင့် ပတ်သက်ပြိး တိုးတက်ရန်ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်။အဆောက်အအုံဆောက်သည့်နေရာတွင်လည်း ကားပါကင်များ မပါဘဲ လမ်းတွင် ရပ်နေရသည့် အခြေအနေနှင့် ကြံုနေရကြောင်း ဝန်ကြီးချုပ်မှ ပြောကြားကြောင်း သိရသည်။

ထို့ပြင်ဆောက်လုပ်ရေးကဏ္ဍတွင် အစိုးရိမ်ရဆုံး အခြေအနေသည် ဆောက်လုပ်ရေးနှင့် ဘဏ်စနစ်ချိတ်တွဲထားခြင်းဖြစ်ကြောင်း၊ဆောက်လုပ်ရေး လုပ်ငန်းရှင်များ သည် ဘဏ်များနှင့်

ချိတ်ဆက်ဆောက်ရွက်နေကြောင်း၊ဆောက်လုပ်ရေးကဏ္ဍနယ်ပယ် တစ်ခုခုလွဲချော်သွားပါက ဘဏ်များအား ရိုက်ခတ်နိုင်ကြောင်း၊နိုင်ငံတကာဘဏ်များတွင် ပေါ်ပေါက်ခဲ့သည့် ဂယက်များအား

ကြည့်မည် ဆိုပါက အဓိက ပေါ်ပေါက်သည့် ပြဿနာ သည် အိမ်ခြံမြေမှ ရိုက်ခတ်လာသော အခြေအနေဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

၂ဝ၁၅ နောက်ပိုင်းမှ စပြီး တဖြည်းဖြည်း ကျဆင်းလာသည်။အင်အား အကြီးအသေးပေါ်မူတည်ပြီး တချို့ အင်အား လျှော့ချလိုက်သည်။တချို့ ရပ်ရန်စီစဉ်နေကြကြောင်း၊တချို့က ရပ်သွားပြီး ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌမှ ပြောကြားကြောင်း သိရသည်။

Source:Daily Eleven

Local Read 42 times