Crystal tower and residences


27 October, 2020

Crystal Tower and Residence သည် ရန်ကုန်မြို့၊ ပြည်လမ်းနှင့် ကျွန်းတောလမ်းကြားတွင် တည်ဆောက်လျှက်ရှိသော စီမံကိန်းတစ်ခုဖြစ်သည်။

ထိုစီမံကိန်းကို Shwe Taung Group မှတာဝန်ယူဆောက်လုပ်ထားပြီး စင်ကာပူအခြေစိုက် NEC Asia Pacific မှလုံခြုံရေးနှင့်ပတ်သတ်၍ IT နည်းပညာပိုင်းကို တာဝန်ယူထားကြောင်းသိရသည်။

ယင်းစီမံကိန်းကို ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၄၉,၀၀၀ ကျော်တွင် တည်ဆောက်ထားပြီး စင်ကာပူနိုင်ငံမှ DP Architects မှဒီဇိုင်းရေးဆွဲပေးထားသည်ဟု သိရသည်။

ထိုစီမံကိန်းတွင် EPCM Myanmar မှစီမံကိန်းစီမံခန့်ခွဲမှု၊ လျှပ်စစ်နှင့် ပတ်သတ်သောပစ္စည်းများတပ်ဆင်ခြင်း၊ စစ်ဆေးခြင်းများကို ပြုလုပ်ပေးကြောင်းသိရသည်။

စီမံကိန်းကို ၂၀၁၄ ခုနှစ်နှစ်ဦးပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အခန်းအပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းတွင် လူနေအိမ်တာဝါနှင့်ရုံးခန်းတာဝါဟူ၍ တာဝါနှစ်ခုပါဝင်ဆောက်လုပ်ထားပါသည်။

Residence Tower

လူနေအိမ်တာဝါအဆောက်အဦးတွင် အထပ်ပေါင်း ၂၄ ထပ်ပါဝင်ပြီး တစ်လွှာတွင် ၁၀ ခန်းပါဝင်မည်ဟုသိရသည်။

ယင်းတာဝါ၏ ပထမထပ်နှင့်ဒုတိယထပ်တွင် shopping mall ထားရှိမည်ဖြစ်ပြီး ၃ လွှာမှ ၆ လွှာထိ ကားပါကင် ပါဝင်မည် ဖြစ်သည်။

ထိုတာဝါ၏ ၇ လွှာတွင် ရေကူးကန်၊ အားကစားခန်းမ၊ ကလေးကစားကွင်း အစရှိသည့် facilities များထားရှိမည်။

ယင်းတာဝါ၏ ၈ လွှာမှစ၍ လူနေအိမ်ယာများထားရှိမည်ဖြစ်ပြီး အခန်းပေါင်း ၁၆၉ ခန်းပါဝင်ကြောင်းသိရသည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၄၁၉ မှ ၁၈၅၅ စတုရန်းပေထိကျယ်ဝန်းမည် ဖြစ်ပြီး အခန်း pricing မှာ စတုရန်းတစ်ပေလျှင် သုံးသိန်းရှစ်သောင်း မှ လေးသိန်းသုံးသောင်းနှစ်ထောင် ကျသင့်မည်ဟုသိရသည်။

Office Tower

ယင်းစီမံကိန်းတွင် ပါဝင်သောရုံးခန်းတာဝါအဆောက်အဦးတွင် အထပ်ပေါင်း ၂၁ ထပ်ပါဝင်ပြီး တစ်လွှာတွင် ၆ ခန်းပါဝင်မည် ဖြစ်သည်။

ထိုတာဝါ၏ ပထမထပ်နှင့်ဒုတိယထပ်တွင် ကားပါကင်ထားရှိမည် ဖြစ်သည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀ ကျော် မှ ၂၀၀၀ ကျော်ထိရှိပြီး စတုရန်းတစ်ပေလျှင် ကျပ်သုံးသိန်း ကျော် လေးသိန်းဝန်းကျင် ကျသင့်မည် ဖြစ်သည်။

ငွေပေးချေမှုမှာ ၁၅ ရာခိုင်နှုန်းကို အရင်ပေးချေရမည် ဖြစ်ပြီး ၅ ရာခိုင်နှုန်းကို သုံးလ၊ ၆၀ ရာခိုင်နှုန်းကို ခြောက်လအရစ်ကျပေးသွင်းရမည် ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို အခန်းအပ်သည့် အချိန်တွင် ပေးချေရမည် ဖြစ်သည်။

This is an original writing of Myanmar Builders Guide based on information sourced from shweproperty website, NEC website, DP

Mixed Use and Urban Read 81 times