ဒလမြစ်ကူးတံတား အသက်ဝင်သော်လည်း ဒလအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သွက်လက်လာခြင်းမရှိ


16 November, 2020

ရန်ကုန်-ဒလ မြစ်ကူးတံတားအကောင်အထည်ဖော်မှု စတင် အသက်ဝင်လာသော်လည်း ဒလအိမ်ခြံမြေ စျေးကွက်မှာ မူ အရောင်းအဝယ်သွက်လက်လာခြင်းမရှိဟု အိမ်ခြံမြေရောင်းဝယ်ရေးအကျိုးဆောင်များမှ ပြောကြားကြောင်း သိရသည်။

စျေးအမြင့်ပိုင်းတွင် ရှိနေသော်လည်းအရောင်းအဝယ် အေးဆေးဖြစ်နေသည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဒုတိယဥက္ကဋ္ဌ မှ ပြောကြားကြောင်း သိရသည်။

ရန်ကုန်-ဒလတံတားစီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အအုံများကို စက်တင်ဘာတွင် စတင်ဖျက်သိမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် တံတားတည်ဆောက်ရေးစတင်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ပြောဆိုထားကြောင်း သိရသည်။

တံတား ဆောက်မည်ဆောက်မည်နှင့် သတင်းများထွက်နေပေမဲ့ ဝယ်မည့် သူများမှ စောင့်ကြည့်အခြေအနေမျိုးဖြစ်နေသည်ဟု ဒလမြို့အခြေအနေမျိုးဖြစ်နေသည်ဟု ဒလမြို့ခံ များထံမှ သိရသည်။

လွန်ခဲ့သော ငါးနှစ်က ဒလတံတား တည်ဆောက်ရေးစီမံကိန်းအစီအစဉ်သည် ၂ဝ၁၃ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။၂ဝ၁၃ခုနှစ်တွင် ရန်ကုန်-ဒလမြစ်ကူးတံတားတည်ဆောက်မည့်သတင်းများကြောင့် ဒလအိမ်ခြံမြေစျေးနှုန်းများအလျင်အမြန်မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။

သို့သော တံတားစီမံကိန်းသည်လှုပ်ရှားမှုများ ရှိမလာဘဲ အသံများတိတ်ဆိတ်သွားပြန်ရာ ဒလအိမ်ခြံမြေစျေးမှာ ထက်ဝက်ကျော်အထိပြန်လည် ကျဆင်းခဲ့ပြီး ဝယ်ယူမည့်သူ မရှိသလောက်ရှားပါးသွားကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်တွင် ရပ်နားခဲ့သည့် ဒလတံတားစီမံကိန်းသည် လက်ရှိအစိုးရလက်ထက်တွင်ပြန်လည်အသက်ဝင်လာခဲ့ပြီး မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးအစီအစဉ်ဖြင့်ပင် ဒလတံတားတည်ဆောက်ရေးကို ဆက်လက်အကောင်အထည်ဖော်မည်ဟု အစိုးရမှ၂ဝ၁၆ခုနှစ်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တံတားတည်ဆောက်ရေးစီမံကိန်းအတွက် တံတားဧရိယာနှင့် မလွတ်ကင်းသည့်မြေနေရာနှင့် အဆောက်အအုံများကို လျော်ကြေးပေးပြီး စတင်ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရေးလုပ်ငန်းများကို နှစ်ကုန်တွင် စတင်ရန်မျှော်မှန်းထားပြီး ၂ဝ၂ဝ-၂၁ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရည်မှန်းထားသည်။

အရောင်းအဝယ်အေးနေရခြင်းမှာ တချိန်က တံတားစီမံကိန်းသတင်းကြောင့် ဒလအိမ်ခြံမြေစျေးကွက်လှုပ်ခက်ခဲ့သော်လည်း ယခုအခါတွင်မူ တံတားစီမိံကိန်းလုပ်ငန်းများ အမှန်တကယ်စတင်နေသော်လည်း ယခင်ကဲ့သို့ အရောင်းအဝယ်မဖြစ်တော့ပေ။

အရောင်းအဝယ် လည်ပတ်မှု နည်းပါးနေသဖြင့် လည်း ဒလအိမ်ခြံမြေစျေးကွက်မှာလည်း ဆက်စပ်သက်ရောက်သည့် အနေဖြင့် စျေးကွက်များစွာ လှုပ်ရှားမှုမရှိခြင်း ဖြစ်နိုင်ကြောင်း ကို သုံးသပ်သည်။ ဒလမြို့နယ်၏ အိမ်ခြံမြေအရောင်းအဝယ် အေးလျက် ရှိသော်လည်း စျေးနှုန်းများမှာမူ လျော့ကျသွားခြင်းမရှိဘဲ နေရာအချက်အချာကျမှုအပေါ် မူတည်ကာ မြင့်မားသည့်စျေးများ ပေါက်နေဆဲဖြစ်ကြောင်း သိရသည်။

Source:imyanmar House

Real Estate & Properties Read 95 times