ဒညင်းကုန်း လက်ကား ဈေးသစ်


27 October, 2020

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် တည်ဆောက်နေသော ဒညင်းကုန်းလက်ကားဈေးသစ်ကြီး ပထမပိုင်းကို ၂၀၁၇ ခုနှစ်ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

ယင်းဈေးသစ်ကို ၂၀၁၄ ခုနှစ်ကစတင်ဆောင်လုပ်ခဲ့ပြီး ယခုအချိန်တွင် ဈေးရုံးသုံးရုံ နှင့် shop house များဆောက်လုပ်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။

ထိုဈေးသစ်ကို အပိုင်းသုံးပိုင်းခွဲပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းဈေးသစ်စီမံကိန်းတစ်ခုလုံးကို အပြီးသတ်ဆောက်လုပ်ရန် နှစ်နှစ်နီးပါးခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ဈေးတစ်ခုလုံးတွင် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော်ပါရှိမည်ဖြစ်ကြောင်း၊ ယခုပြီးစီးမည့် ဈေးရုံများတွင် ဒညင်းကုန်းဈေးအဟောင်း၌ရောင်းချနေသော ဈေးသည်များကို နေရာပြန်လည်ပေးမည့်အပြင် အခြားလာရောက် ရောင်းချလိုသူများကိုလည်း သင့်တော်သော ဈေးနှုန်းများဖြင့် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ထိုဈေးတွင် နိုင်ငံတကာအဆင့်မီ လက်ကားဈေးကြီးတွင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ သား၊ ငါးများ၊ နို့ထွက်ပစ္စည်းများစသည်တို့ကို လက်ကားရောင်းချမည့် ဈေးကြီးဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ဒညင်းကုန်းကွင်း အမှတ် ၄၀၄ ဧကရှိ မြေဧရိယာ ၆၄ ဒသမ ၅၄ ဧကအပေါ်တွင် အသားထုတ်ကုန်ရောင်းဝယ်ရေးဈေးတည်ဆောက်ရေးစီမံကိန်းကို First Golden Dragon Construction မှဆောင်ရွက်နေခြင်းဖြစ်သည်ဟုသိရသည်။

ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၆၂ သန်းခန့်ရင်းနှီးမြုပ်နှံရမည့် စီမံကိန်းဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီသုံးနှစ်အတွင်းအပြီးတည်ဆောက်သွားရမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲခြားပြီး ဦးစားပေးအဖြစ် Whole Sale Market တစ်လုံးနှင့် Cold Storage နှစ်လုံးတို့ကို ပထမဆုံးပြီးစီးစေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

Source:Phyi Myanmar

Infrastructure and Zones Read 51 times