ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ဒေါပုံလူကူးခုံးကျော်တံတား


01 March, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေါပုံလူကူးခုံးကျော်တံတားအသစ်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကာ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါတံတားသည် အရှည် ၁၀၇ ပေ၊ အမြင့် ၁၈ ပေရှိပြီး တံတားပတ်ဝန်းကျင် စကြံၤများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စက်လှေကား အပါအဝင် လူခုံးကျော်တံတားတည်ဆောက်ခြင်း လုပ်ငန်းများအား ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

 ဒေါပုံလူကူးခုံးကျော်တံတားတည်ဆောက်ရာတွင် စက်လှေကားပါဝင်သောကြောင့် လျှပ်စစ်မီးချို့ယွင်းမှုများ မဖြစ်ပေါ်စေရန်နှင့် မိုးရာသီတွင် စက်လှေကားများ မပျက်စီးစေရန်၊ စည်းကမ်းမဲ့ အမှိုက်ပစ်ချခြင်းများကို ရှင်းလင်းပေးရန် ရေရှည်ထိန်းသိမ်း စောင့်ကြည့်ရမည့်အတွက် စည်ပင်ဝန်ထမ်း ၄ ဦးအား ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 '' ခုံးကျော်တံတား သန့်ရှင်းရေးအတွက် ဝန်ထမ်း ၄ ဦး ခန့်ထားပါမယ်။ စက်လှေကား ဖွင့်ချိန်၊ ပိတ်ချိန်တွေလည်း သတ်မှတ်ထားပါတယ်။ လူတွေက အမြင့်တက်ဖို့ စက်လှေကားပါရင် အလွယ်တကူ အသုံးပြုသွားတာပေါ့။ ပြီးတော့ ဒီနေရာက ကုန်သေတ္တာယာဉ်တွေ ဖြတ်သန်းသွားလာတော့ စက်လှေကားပါသော ခုံးကျော်တံတားထားဖို့ အမှန်တကယ်လိုအပ်တဲ့ နေရာလည်း ဖြစ်ပါတယ် '' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်ထောက်ဌာနမှူး ဦးဉာဏ်သာက ပြောသည်။

 အများပြည်သူများက စက်လှေကားပါဝင်သော ခုံးကျော်တံတားများကိုသာ အသုံးပြုလိုသော်ကြောင့် ရန်ကုန်တိုင်းအစိုးရအနေဖြင့် တည်ဆောက်ခြင်းလုပ်ငန်းများအား တိုးချဲ့လုပ်ဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 68 times