ငထွေးရူးကျွန်: မြေ ၁၅ ဧကပေါ်တွင် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်


06 December, 2020

    ကော့သောင်းမြို့နယ်၊ ငထွေးရူး ကျွန်း မြေ ၁၅ ဧကပေါ်တွင် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုကို နှစ် ၅ဝ ငှားရမ်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်ဟု တနင်္သာရီတိုင်းဒေသ ကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးမြင့်မောင်ထံမှ သိ ရသည်။

          Supreme Services Team Co.,Ltdအား B.O.T  စနစ်ဖြင့် လုပ် ကိုင်ခွင့်ပေးခြင်းဖြစ်ပြီး စက်တင်ဘာလ ၄ ရက်က ထားဝယ်မြို့ရှိ တိုင်းအစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် သဘော တူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

           အဆိုပါ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ သည် ကျွန်းပေါ်ဟိုတယ်ဆောက်ခြင်းကို ၃ နှစ်အတွင်း လုပ်ငန်းအကောင်အထည် ဖော်ပြီးစီးရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

             ကော့သောင်းခရိုင်အတွင်းတွင် ဝါးအလယ်ကျွန်း၊ ၁၁၅ကျွန်း၊ ညောင်ဦး ဖီးကျွန်း၊ သခင်ညိုကြီးကျွန်း၊ ဖိုးနီ(ခ)ဗိုလ်ယာညွှန့်ကျွန်း၊ ဗိုလ်နက်ကျော်ကျွန်း၊ ဘာလာ(ခ)သံရုပ်ကျွန်း၊ ကျွန်းဖီလာ၊ ဗိုလ်ရွဲ ၊ ငမန်းကျွန်းတို့တွင် ဟိုတယ် ဆောက်လုပ်ခွင့်ပြုထားကြောင်း ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကော့သောင်းရုံးခွဲထံမှ သိရသည်။

Region Read 64 times