အာဆီယံတွင် အဓိကအချက်အချာ ဒေသတစ်ခုဖြစ်လာမည့် ထားဝယ်အထူး စီးပွားရေးဇုန်


04 December, 2020


အာဆီယံတွင် အဓိကအချက်အချာ ဒေသတစ်ခုဖြစ်လာမည့် ထားဝယ်အထူး စီးပွားရေးဇုန်ကို ထားဝယ်ရေနက်ဆိပ်ကမ်း-မေတ္တာ-ထီးခီးလမ်းအား မိုးကုန်တွင်စတင်မည်ဖြစ်ကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးမှ ပြောကြားကြောင်းသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင်ထိုင်း၏ ချေးငွေရယူပြီး လမ်းဖောက်ရန်အတွက်လွှတ်တော်မှလည်း သဘောတူထားပြီး ဖြစ်သည်။

ထားဝယ်စီးပွားရေးဇုန်တွင် ကနဦးလုပ်ငန်းအား အီတာလျံထိုင်းကုမ္ပဏီမှ ရသွားခြင်းဖြစ်သည်။သင်္ဘောဆိပ်နှင့် စက်မှုဇုန်ကိုလည်း မြန်မာ-ထိုင်း-ဂျပန် ပူးတွဲပြီးစီစဉ်ဆောင်ရွက်မှာဖြစ်သည့်အတွက်ကြောင့်

ထိုနှစ်ခုကို တစ်ပြိုင်နက်ဆောင်ရွက်မည်ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း-မေတ္တာ-ထီးခီးလမ်းသည် ဆက်သွယ်ရန် လမ်းမိုင်အတိုဆုံးဖြစ်ပြီး လမ်းအရှည်သည် ၁၅၆ ကီလိုမီတာဖြစ်ကာ ယာဉ်သွားလမ်းသည်

၃ ဒသမ ၅မီတာ အကျယ်ရှိသည့် နှစ်လမ်းသွားဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် အထူးစီးပွားရေးဇုန်စီမံကိန်း၏ ပထမအဆင့်စီမံကိန်းဖြစ်သည့် နှစ်လမ်းသွားအမြန်လမ်းမ တည်ဆောက်ရန် ထိုင်းနိုင်ငံမှ ချေးငွေရရှိရန် စောင့်ဆိုင်းလျက်ရှိပြီး

ယင်းချေးငွေ ရရှိပါက စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချေးငွေအတွက်က ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုပေးပြီးသွားပြီ။ ထိုင်းကုမ္ပဏီဘက်က အကြောင်းပြန်တာကို စောင့်နေတာ။ ဒီနှစ်မိုးအကုန်လောက်တော့ စနိုင်မယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါပထမအဆင့် စီမံကိန်းတည်ဆောက်မှုအတွက် ထိုင်းနိုင်ငံမှ ချေးငွေ ဘတ်သန်း ၄၅၀၀ ချေးယူသွားမည်ဖြစ်ပြီး ဒုတိယအဆင့် စီမံကိန်းတွင်ပါဝင်မည့် အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့တွင်

ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံကပါ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြေဧက ၄၈၀၀၀ ခန့် ကျယ်ဝန်းမည်ဖြစ်ပြီး အဆိုပါအမြန်လမ်းမသည် အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ်သို့ ၂ နာရီခန့်နှင့် ဘန်ကောက်မြို့သို့ လေးနာရီသာ ကြာမြင့်မည်ဖြစ်သည်။

ယင်း ဇုန်သည်တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာနဘူးလယ်ဒေသတွင်တည်ရှိပြီး ကနဦးစီမံကိန်းတွင်စက်မှုလုပ်ငန်းနယ်မြေ၊ထားဝယ်အထူးစီးပွားရေးဇုန်နှင့်

မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိဖောက်လုပ်မည့် နှစ်လမ်းသွားကတ္တရာလမ်း၊ဆိပ်ကမ်းနယ်၊ကနဦး မြို့ပြအိမ်ရာလုပ်ငန်း၊ကနဦးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ယာယီလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ရေရရှိရေးလုပ်ငန်း၊

တယ်လီဖုန်းလိုင်းဆက်သွယ်ရေး နှင့် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရေနက်ဆိပ်ကမ်းစီမံကိန်းပါဝင်သော အထူးစီးပွားရေးဇုန် စီမံကိန်းသုံးခုကို လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်မြို့ရှိ သီလဝါအထူး စီးပွားရေးဇုန်တစ်ခုသာ လုပ်ငန်းလည်ပတ်လျက်ရှိကာ

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကိုလည်း လုပ်ငန်းများ စတင်အကောင် အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

Region Infrastructure and Zones Read 68 times