တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိကမ်းနားလမ်း ဖွံ့ဖြိုးရေးစီမံကိန်းအတွက်Phase 1 အား ကျပ်သန်း ၁၁ဝဝဖြင့် ယခုနှစ် ဘတ်ဂျက်အတွင်းအပြီးတည်ဆောက်မည်ဖြစ်ပြီးအရည်အသွေးပိုင်း နှင့် ပတ်သက်၍ ဌာနမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်း သိရသည်။
ဇန်နဝါရီ ၅ရက်မှ စတင်ကာဆောင်ရွက်နေသည့် ထားဝယ်ကမ်းနားလမ်းဖွံ့ဖြိုးရေးစီမံကိန်းအတွက် လမ်းပိုင်းဖောက်လုပ်မှု နှင့် မြေထိန်းနံရံများတည်ဆောက်မှုအပိုင်းတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီမှု ရှိ မရှိ နှင့် ပတ်သက်၍ ဒေသခံများအကြားဝေဖန်မှု မြင့်တက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ထားဝယ်မြို့ ရှိတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ ပြောကြားခဲ့ကြောင်း သိရသည်။
Phase 1 အား ပေ၁၄ဝဝ လျာထားပြီး ပေ၁၄ဝဝ သည် ကွန်ကရစ် လမ်း ၁၈ပေ လမ်းထု သည် ရှစ်လက်မရှိသည်။ပေ ၁၄ဝဝ သည် ယခုနှစ်ဘတ်ဂျက်ထဲတွင် ပြီးသွားမည်။သို့သော်မြေထိန်းနံရံသည်
ဘဏ္ဍာငွေ အနေအထားအရ ပေ ၈ဝဝ သာ ရရှိမည်။ပြည်သူ့ဆောက်လုပ်ရေးမှ ပေ ၄ဝဝ လုပ်ပြီး မြေထိန်းနံရံနှင့်တွဲလျက် လျှောက်လမ်းများလက်ရန်းများပါသည်။
အသစ်ခင်းလိုက်သော ၁၈ပေ လမ်းတွင် အလယ်မှာ လမ်းလယ်ကျွန်း လေးပေ အကျယ်ထားပြီး ထိုအထဲတွင် ဓာတ်တိုင်များ စိုက်မည်။ဓာတ်တိုင် ကတော့ ၁၅တိုင်ခန့် ရှိပြီး ယခုလောလောဆယ်ပေ ၁၄ဝဝ အတွင်းတွင် LED မီးများ ထားမည်။
ဘတ်ဂျက်အား အစိုးရအဖွဲ့မှ စည်ပင်သာယာအတွက် သန်း ၆ဝဝ၊ဆောက်လုပ်ရေးအတွက် သန်း၅ဝဝပေးထားသည်။၇ ဒသမ ရသန်း သည်ဓာတ်တိုင်စိုက်ရန်အတွက် EPC ကို သတ်သတ်ခွဲထုတ်ထားသည်။
သန်း ၆ဝဝတွင် ပလက်ဖောင်းများ၊မြေထိန်းနံရံများ၊ကွန်ကရစ် လမ်း၁၈ပေ အကျယ် ၈လက်မထု တို့ပါဝင်သည်။လာမည့်နှစ် ဘတ်ဂျက်တွင်ရသည့်အနေအထားပေါ် မူတည်ပြီး Phase 1 မှ Phase 2 အထိ ဆက်သွားပြီး ရည်မှန်းထားသည့်အတိုင်းပင် ဆက်လုပ်မည်ဖြစ်သည်။
လက်ရှိအနေအထားအရ ဆိပ်ကမ်းသာ လမ်းမပေါ်ရှိ မြောင်းပုလဲ တံတားမှ ဘုမ္မော်တံတားအထိ Phase 1၊Phase 2 အဖြစ်စတင် ဆောင်ရွက်နေသော်လည်း မြောင်းပုလဲ တံတားမှ DDPC Shopping Centre အတွင်းရှိ အစိုးရမှ လှေထောက်ကျင်းအဖြစ် ပြုလုပ်ရန် မြေငှားဂရန် ချထားပေးသော မြေများကို သက်ဆိုင်ရာဌာနများဖြင့် အစိုးရမှ ပြန်လည် စိစစ်နေကြောင်း၊ယင်းအတွက် မြေယာပြဿနာ ပြီးပြတ်ရန် ဆက်လက်ဆောင်ရွက်နေပြီး ၎င်းမြေများအားလုံးအစိုးရလက်ထဲသို့ ပြန်လည်ရောက်ရှိလာပါက ဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးရေးစီမံကိန်း Plan အတိုင်း Phase များ တိုးချဲ့၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Source:Daily Eleven