လေဘာတီရုပ်တု ဆိုတာနဲ့ အမေရိကန်နိုင်ငံရဲ့ ထရိတ်မတ်၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လို့သိကြမှာပါ။
လေဘာတီရုပ်တုတည်ရှိတဲ့နေရာက အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ်၊ နယူးယော့ခ်ဟားဘားမြို့နယ်က လစ်ဘာတီကျွန်းပေါ်မှာတည်ရှိတာပါ။
လေဘာတီရုပ်တုကို ရောမနတ်ဘုရားမလစ်ဘာတက်စ်ပုံကို မှီငြမ်းပြီးပုံဖော်ထားခြင်း ဖြစ်ပါတယ်။
ဒီရုပ်တုကို ထုထွင်းတဲ့သူက ပြင်သစ်ပန်းပုဆရာ Frederic Auguste Bartholdiက ပြင်သစ်နိုင်ငံမှာ ထုဆစ်ခဲ့ တာဖြစ်ပြီး ၁၈၈၆ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့မှာ
ပြင်သစ်နဲ့ အမေရိကန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးအ ရ ပြင်သစ်က လက်ဆောင်ပေးတာလို့သိရပါတယ်။ လေဘာတီရုပ်တုရဲ့ ပုံသဏ္ဍာန်က မီးရှူးအိမ်ကိုင်ထားတဲ့လက်ကို အပေါ်မြှောက်ထားပြီး
အခြားတစ်ဖက်မှာ ရောမအက္ခရာ JULY IV MDCCLXXVI ပါတဲ့ ကျောက်စာတစ်ချပ်ကို ကိုင်ထားပါတယ်။ ရောမစာရဲ့အဓိပ္ပါယ်က အမေရိကန်နိုင်ငံ လွတ်လပ်ရေးရတဲ့နေ့ (ဇူလှိုင်(၄)၊ ၁၇၇၆)ခုနှစ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။
ဒါတွေဟာ လေ ဘာတီရုပ်တုရဲ့ သမိုင်းအကျဉ်းပဲဖြစ်ပါ တယ်။ လေဘာတီရုပ်တုရဲ့ဖြစ်စဉ်တွေ ကို ရှာဖွေကြည့်ရှုလေ့လာမှတ်သားရတာလွယ်ပေမယ့် ဒီရုပ်တုနဲ့ပတ်သက်ပြီး လူသိနည်းတဲ့အချက်တွေရှိပါသေးတယ်။
၁။ လေဘာတီရုပ်တုကို ပြင်သစ်နဲ့ အမေရိကန်တို့ နှစ်နိုင်ငံချင်းသံတမန်ရေးအရ ဖလှယ်တယ်လို့ပဲသိကြပါတယ်။
လေဘာတီရုပ်တုကို ထုထွင်းခဲ့တဲ့ ပြင်သစ်ပန်းပုဆရာ Frederic Auguste Bartholdiရဲ့သေတမ်းစာနဲ့ စာတွေအရ ပန်းပု ထွင်းတဲ့အနုပညာကို အလွန်စိတ်ဝင်စားသူဖြစ်ပြီး ဒီလေဘာတီရုပ်တုလို 'ဧရာမရုပ်တုကြီးထုချင်ခဲ့တာပါ။
ဒါပေမယ့် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ဘယ်သူကိုှမှမဲဆွယ်လို့မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အမေရိကန်သတင်းစာ ပူလစ်ဇာ ပိုင်ရှင်နဲ့တွေ့ဆုံပြီး အဲဒီသတင်းစာရဲ့ဖော်ပြမှုကြောင့် လေဘာတီရုပ်အသက်သွင်းမယ့် Bartholdiရဲ့ဆန္ဒပြည့်ဝခဲ့တာပါ။
၂။ Bartholdiဟာ ဒီရုပ်တုကို စတင်ဒီဇိုင်းဆွဲတော့ မီးပြတိုက်သဘောမျိုးရုပ်တုထုလုပ်ပြီး အီဂျစ်နိုင်ငံ၊ စူးအက်တူးမြောင်း မှာ ထားဖို့ရည်မှန်းခဲ့ပါတယ်။
မြေထဲပင်လယ်နဲ့ ပင်လယ်နီကြားမှာရှိတဲ့ စူးအက်တူးမြောင်းမှာ လေဘာတီရုပ်တုကို မီးပြ တိုက်သဘောမျိုး Bartholdiက ထားချင်ခဲ့တာပါ။ ဒါပေမယ့် ရုပ်တုစလုပ်တော့ အီဂျစ်က လက်မခံခဲ့ပါဘူး။
၃။ Bartholdiဟာ ဒီရုပ်တုကို ပြင်သစ်မှာ (၁၅)နှစ်ကြာအောင်ထုလုပ်ခဲ့ရပြီး အဲဒီထုထွင်းနေစဉ်အတွင်းမှာ အမေရိကန်နိုင်ငံက စိတ်ဝင်စားဟန်တောင်မပြခဲ့ပါဘူး။
၄။ Bartholdiဟာ လေဘာတီရုပ်တုကို နယူးယော့ခ်မြို့တော်ကို မသယ်လာခင်မှာ ဖီလာဒယ်ဖီးယားပြည်နယ်မှာ ပြသခဲ့ပြီး ပြည်သူတွေရဲ့ကြိုဆိုအားပေးမှုကို အများအပြားရခဲ့ပါတယ်။ ဒါကြောင့် လေဘာတီရုပ်တုကို အဲဒီ ဖီလာဒယ်ဖီးယား
ပြည်နယ်မှာပဲ စိုက်ထူတော့မယ်လို့ Bartholdiက စဉ်းစားခဲ့ပါသေးတယ်။
၅။ ၁၈၈၂ခုနှစ်မှာ လေဘာတီရုပ်တုကို နယူးယော့ခ်က စိတ်ဝင်စားဟန်မပြသဖြင့်နယူးယော့ခ်အိမ်နီးချင်းပြည် နယ် ဘော်စတွန်က တောင်းယူခဲ့ပါသေးတယ်။
ဒါပေမယ့် နယူးယော့ခ်နဲ့ ဘော်စတွန်တို့ဟာ အဲဒီတုန်းက စီးပွားရေး၊နိုင်ငံရေးအရပြိုင်ဘက်တွေဖြစ်လို့ ဘော်စတွန်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
၆။ ၁၈၇၁ခုနှစ်မှာ နယူးယော့ခ်ကို Bartholdi စတင်ရောက်တော့ လေဘာတီရုပ်တုထားမယ့် ပန်းခြံအနေဖြင့် Brookly’ Prospectပန်းခြံကို စဉ်းစားထားခဲ့ပေမယ့် နေရာရှုမြင်ကွင်းမကောင်းတာကြောင့်
နယူးယော့ခ် Central ပန်းခြံကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
၇။ အမေရိကန်မှာ လေဘာတီရုပ်တုကိုစတင်ထားတော့ မီးအိမ်ရုပ်တုအနေနဲ့ ထားချင်ခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်အင်ဂျင်နီယာတွေကို အချိန်ပြည့်မီးရရှိနိုင်အောင် မစွမ်းဆောင်နိုင်တာကြောင့် မီးပြတိုက်ရုပ်တုမဖြစ်လာခဲ့တာဖြစ်ပါတယ်။
၈။ Bartholdiဟာ လေဘာတီရုပ်တုကို အမှောင်ထဲမှာ မြင်နိုင်စေဖို့အတွက် ရွှေတွေနဲ့ ဖုံးအုပ်ပြီး ထုလုပ်ဖို့စီစဉ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ရုပ်တုက ဧရာမကြီးတဲ့အပြင် ပြည်သူတွေရဲ့ရန်ပုံငွေလည်းစုလို့မရတာကြောင့် ရွှေအတိနဲ့သွန်းလောင်း မယ့်အစီအစဉ်ပျက်ပြယ်ခဲ့ရပါတယ်။
၉။ ၁၈၇၈ခုနှစ်မှာ သောမတ်အက်ဒီဆင်ဟာ လေဘာတီရုပ်တုထဲမှာ အသံလိုင်းစနစ်ထည့်သွင်းပြီး ရုပ်တုဆီကနေ အသံတွေထွက်လာဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၁၀။ ၁၈၈၆ခုနှစ်၊ အောက်တိုဘာလမှာ လေဘာတီရုပ်ထုကို နယူးယော့ခ်မှာ စတင်ထားရှိပြီး ဖွင့်လှစ်စလုပ်တော့ နယူးယော့ခ်ပြည်နယ်က မိန်းကလေးတွေ တစ်ယောက်မှတက်ရောက်ခဲ့ခြင်းမရှိပါဘူး။
နယူးယော့ခ်အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းတစ်ခုက မိန်းမရုပ်တုကိုတော့ ထားတယ်။ အမျိုးသမီးတော့ မဲပေးခွင့်မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မတက်
ရောက်ကြတာပါ။
အဲဒီဖွင့်လှစ်မှာ မိန်းကလေးဆိုလို့ (၂)ယောက်သာရှိပြီး ပန်းပုဆရာBartholdiရဲ့ မိန်းမဖြစ်သူနဲ့ သမီး ဖြစ်သူတို့သာဖြစ်ကြပါတယ်။