မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ ၂၀၁၇-၁၈ ခုနှစ်အတွင်းမှာ ယေဘူယျအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့ပါ တယ်။
လယ်သမားများ၊ စိုက်ပျိုးရေးသမားများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို အားစိုက်လုပ်ဆောင်လာ ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ နာလန်ပြန်ထူလာမှု၊ အထည်ချုပ်ကဏ္ဍအတွင်း ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ် လာနိုင်ခြင်းနှင့် စက်မှုလုပ်ငန်းအားကောင်းလာမှုတို့ကြောင့် ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးလာခဲ့သလို ဝန်ဆောင်မှု ကဏ္ဍအတွင်း၌လည်း ဘဏ်လုပ်ငန်းနှင့် ခရီးသွားလာရေးလုပ်ငန်းတို့ အနည်းငယ်အားနည်းခဲ့သော်လည်း ကဏ္ဍတစ်ခုလုံးအနေဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်အတွင်း၌ ကျပ်ငွေ ဈေးတည်ငြိမ်ခြင်း၊ ထုတ်လုပ်ရေးကဏ္ဍ၌ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ များပြားလာခြင်း၊ ပို့ကုန်ကဏ္ဍတိုးတက်လာ ခြင်းနှင့် ငွေကြေးဖောင်းပွမှုကျဆင်းခြင်းကြောင့် ပုဂ္ဂလိကသုံးစွဲမှုတက်လာသည့်အတွက် စုစုပေါင်းမှန်းချေ ဝယ်လိုအားဟာ တိုးတက်လာတယ်လို့ ခန့်မှန်းရပါတယ်။
ပို့ကုန်ကဏ္ဍတိုးတက်လာခြင်းဟာ တစ်ဦးချင်းစီရဲ့ ငွေလွှဲပြောင်းမှုနဲ့ အခြားကဏ္ဍတွေ ကျဆင်းလာမှုကို ကာမိစေခဲ့ခြင်းကြောင့် လက်ရှိလက်ကျန်ငွေစာရင်းအားကောင်းနေသည့်အတွက် မြန်မာနိုင်ငံရဲ့ ပြည်ပစာရင်းလက်ကျန်ငွေဟာ ၂၀၁၇-၁၈ ခုနှစ်အတွင်းမှာ အနည်းငယ်တိုးပွားလာခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှုပ် နှံမှုများကို လုပ်ကိုင်ခွင့်အတည်ပြုပေးခြင်းဟာ ၂၀၁၆-၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားခဲ့ပေမယ့် ရင်းနှီးမြပ်နှံမှုများ စီးဆင်းဝင်ရောက်လာခြင်းဟာတော့ အနည်းငယ်တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပသို့ ဆန်တင်ပို့ခြင်းဟာ စံချိန်တင်မြင့်တက်လာခဲ့သလို အထည်ချုပ်ကဏ္ဍဟာလည်း ဈေးကွက်အသစ်များ ဆက်လက်ရရှိခဲ့ပါတယ်။
သဘာဝဓာတ်ငွေ့တင်ပို့မှုမှဝင်ငွေဟာ ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေးနှုန်း တိုးတက် လာမှုကြောင့် ပြည်တွင်းသဘာဝဓာတ်ငွေ့ကွင်းများထဲမှ ထုတ်လုပ်မှုကျဆင်းလာခြင်းကို ကာမိစေခဲ့ပါတယ်။ သွင်းကုန်ပစ္စည်းကဏ္ဍဟာ ဆက်လက်အားကောင်းနေဆဲဖြစ်တာကြောင့် စက်မှုလုပ်ငန်းများဆက်လက် ဖွံ့ဖြိုးလာဖို့အတွက် အလားအလာကောင်းများကို ဖြစ်ပေါ်စေပါတယ်။ ကျပ်ငွေနှင့် နိုင်ငံခြားအရံငွေထားရှိမှု ဟာလည်း အနည်းငယ်တိုးတက်လာခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှုန်းဟာ ၂၀၁၆-၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေခြင်း နှင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုဟာတော့ လက်ရှိငွေစာရင်းလိုငွေပြမှုကို ဘဏ္ဍာရေးအရ ပြည့်ပြည့်၀၀ ထောက်ပံ့ပေးနိုင်ပါတယ်။
ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၁၇-၁၈ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းဟာ တန်သင့်ရုံသာရှိနေခဲ့ပြီး ယင်းနှစ်အတွင်းရှိ လှုပ်ရှားဆောင်ရွက်မှုများကြောင့် ယေဘူယျငွေကြေးတိုးတက်ခဲ့သလို ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါတယ်။ ကုန်ဈေးနှုန်းများဟာ ၂၀၁၇-၁၈ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာ တော်သင့်ရုံသာ မြင့်တက်ခဲ့သော်လည်း ဒုတိယနှစ်ဝက်မှာတော့ လျင်မြန်စွာပဲ မြင့်တက်လာခဲ့ပါ တယ်။ အထူးသဖြင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း နှစ်ခုစလုံးမြင့်တက်လာတယ်လို့ ယူဆရပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ ဇန်နဝါရီလအတွင်းမှာ သယ်ယူပို့ ဆောင်ရေးကုန်ကျမှုစရိတ်ဟာ အစားအစာမဟုတ်သော အခြားဈေးနှုန်းများမြင့်တက်လာခြင်းရဲ့ ၃၅ ရာခိုင်နှုန်း ခန့်ရှိနေခဲ့ပါတယ်။
ကုန်ဈေးနှုန်းတက်ခြင်းကြောင့်ဖြစ်တဲ့ အကျိုးသက်ရောက်မှုများဟာ ဗဟိုဘဏ်ဘက်မှ ဘဏ္ဍာရေးလိုငွေပြမှုကို ငွေကြေးထောက်ပံ့ပေးနေတဲ့အတွက် တော်သင့်ရုံအနေအထားတစ်ခုမှာသာ ရှိနေခဲ့ပြီး ဘဏ္ဍာရေးလိုငွေပြမှုဟာလည်း ကျဉ်းမြောင်းခဲ့ပါတယ်။ ၂၀၁၇-၁၈ ခုနှစ်အတွင်းမှာ ကျပ်ငွေဈေးနှုန်းဟာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်တန်ဖိုးတက်ခဲ့ပါတယ်။ သို့သော်လည်း ထိုင်း၊ မလေးရှားနှင့် တရုတ်တို့ကဲ့သို့သော တစ်ဦးချင်းကုန်သွယ်ရေးမိတ်ဖက်များနှင့် ဆက်စပ်လုပ်ဆောင်ရာတွင် အမှန်တကယ် ငွေလဲနှုန်းတန်ဖိုးကျဆင်းခဲ့သည့်အတွက် သွင်းကုန်ပစ္စည်းသုံးစွဲသူများနှင့် လက်လီသမားများအနေဖြင့် အကျိုးအမြတ်အနည်းငယ်သာရရှိခဲ့ပေမယ့်လည်း ပို့ကုန်ကုမ္ပဏီများအတွက် အခွင့်အရေးများစွာ ဖန်တီးပေး နိုင်ခဲ့ပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SEE) ကျဆင်းလာမှု၊ ရန်ပုံငွေဘဏ္ဍာလိုငွေပြမှုနှင့် အစိုးရ၏ဝင်ငွေကျဆင်း လာမှုတို့ရှိနေသော်လည်း ရန်ပုံငွေစီမံသုံးစွဲခြင်းစိန်ခေါ်မှုများကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာလိုငွေပြမှုဟာ ကျဉ်းမြောင်းနိုင်ဖွယ်ရှိပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပဏာမအမှန်လိုငွေပြမှုသည် ဂျီဒီပီ၏ ၂.၇ ရာခိုင်နှုန်းရှိခဲ့သည့်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘဏ္ဍာရေးလိုငွေပြမှု ၅.၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
အစိုးရရဲ့ ဝင်ငွေဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကျဆင်းခြင်းကြောင့် ရန်ပုံငွေလျော့နည်းခဲ့ရသည့်အတွက် ၂၀၁၆-၁၇ ခုနှစ်မှာ အစိုးရဝင်ငွေဟာ ဂျီဒီပီရဲ့၁၈.၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ ခုနှစ်မှာ ၁၆.၉ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ အစိုးရရဲ့အသုံးစရိတ်ဟာတော့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဂျီဒီပီရဲ့ ၂၀.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ ခုနှစ်မှာ တော့ ၂၂.၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပါတယ်။ ဒါဟာ ကျန်းမာရေးဝန်ကြီးဌာနကဲ့သို့သော ဦးစားပေး ဝန်ကြီးဌာနများအတွက် အသုံးစရိတ်ပိုမို တိုးမြှင့်ပေးခဲ့ခြင်းနှင့် ပြည်တွင်းအမြတ်ဝင်ငွေကို တိုးမြှင့်ပေးခဲ့ခြင်းတို့ ကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ရဲ့ အမှန်တကယ်စီးပွားရေးတိုးတက်နှုန်းဟာ ရန်ပုံငွေစီမံသုံးစွဲခြင်း စိန်ခေါ်မှုများကို ကြာရှည်စွာရပ်တည်ခွင့်ပေးခြင်း၊ မူလနှင့်ပြင်ဆင်ထားသော ရန်ပုံငွေများ ထဲမှ အခွန်ဘဏ္ဍာများ၏ တန်ဖိုးအစစ်အမှန်ကို ခန့်မှန်းမတွက်ချက်နိုင်ခြင်း၊ မျှော်မှန်းထားသည်ထက်ပိုသော သဘာဝဓာတ်ငွေ့ဈေးနှုန်းတို့ကြောင့် ဘဏ္ဍာလိုငွေပြမှုကို လျော့နည်းစေနိုင်မှာဖြစ်ပါတယ်။
အစိုးရရဲ့ကုန်ကျ စရိတ်များဟာ ရှိရင်းစွဲရန်ပုံငွေနှင့်အညီ ကောင်းမွန်စွာသုံးစွဲနိုင်ခဲ့ပြီး ငွေရင်းကုန်ကျစရိတ်ဟာတော့ ဂျီဒီပီဝေစု အတိုင်း ဆက်လက်ကျဆင်းဦးမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပြည်တွင်းအကြွေးဝယ်ဈေးကွက်ကို ပိုမို တွင်ကျယ်လာအောင်လုပ်ဆောင်နေသော်လည်း ဈေးကွက်အတွင်း ပါဝင်မှုနှုန်းဟာ မျှော်မှန်းထားသည့် အလားအလာအောက်၌ပင် ရှိနေဆဲဖြစ်ပါတယ်။