ထိုစီမံကိန်းသည် ဦထွန်းငြိမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တွင် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
ယင်းကွန်ဒိုစီမံကိန်းကို ၂၀၁၂ခုနှစ်တွင် Mandalay Golden Wing Holding Limited (MGW) မှ တာဝန်ယူ တည်ဆောက် ထား ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် အခန်းစအပ်မည်ဟု လျာထားကြောင်း သိရပါသည်။
ထိုစီမံကိန်း၏မြေဧက အကျယ်အဝန်းမှာ ၂ ဧကရှိပြီး၊ဒေါ်လာသန်း ၆၀ ခန့်ကုန်ကျျကြောင်းသိရသည်။
တိုက်အတွက် မြေအကျယ်မှာ ၁.၅ ဧကနှင့် ဝ.၅ ဧကတွင် ရေကူးကန်နှင့် ဥယျာဉ်ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။
ယင်းစီမံကိန်းကို စင်ကာပူနိုင်ငံမှ JGP မှဒီဇိုင်းရေးဆွဲထားပြီး ထိုင်းနိုင်ငံမှ Project man မှစီမံကိန်းဖြစ်မြောက်ရေးကိုစီမံခန့်ခွဲသည်။
အဆောက်အဦးကို ၃၂ လွှာ ဆောက်လုပ်မည်ဖြစ်ပြီး တစ်လွှာတွင် အခန်း ၁၆ ခန်း ပါဝင်မည်ဟုသိရသည်။ တိုက်ခန်းစုစုပေါင်းမှာ ၃၇၆ ခန်း ဖြစ်မည်ဟု သိရသည်။
ထိုကွန်ဒိုတွင် two bed room,three bed room,four bed room,deluxe dual keyrooms and pent house ဟုအခန်းအမျိုးအစားကို ၅ မျိုး ခွဲခြားထားပါသည်။
မြေအောက်ထပ်ကို သီးသန့်မထားဘဲ ကားပါကင်ကို ပထမထပ်မှ ၅ လွှာအထိ ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ယာဉ် ၅၁၄ စီးဆန့်သည့် ကားပါကင်တွင် ဧည့်သည်ယာဉ်အစီးရေ ၅၀ ရပ်နားရန်အတွက်ပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုကွန်ဒိုတွင် Facilities အနေဖြင့် ရေကူးကန်၊ အားကစားခန်းမ၊ function room အမျိုးပေါင်း ၆၀ ကျော်လောက်ပါဝင်မည်ဟု သိရသည်။ အဆောက်အဦး ၆ ထပ် အပြင်ဘက်တွင် ရေကူးကန်ပါဝင်ပြီး ၂၂ ထပ် အတွင်းတွင်လည်း ရေကူးကန်ပါဝင်မည်ဟု သိရသည်။
ယင်း အဆောက်အဦးတွင် ဓာတ်လှေကား ၁၃ စီး၊ မီတာ ၃ ခု၊ ရေဂါလံ ၂ သိန်းဆန့်ကန်နှင့် ငလျင်ဒဏ်၏ ၈.၅ ခံနိုင်အားတို့ကိုလည်း တပ်ဆင်ပေးထားကြောင်း သိရသည်။
အခန်းpricing မှာ တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ကျော် မှ ၄၀၀ အထိရှိ ကြောင်း သိရသည်။
ထိုအဆောက်အဦး ၇ လွှာကနေ ၂၁ လွှာအထိကို ဈေးနှုန်းတစ်မျိုး၊ ၁၃ လွှာ ကနေ ၂၁ လွှာအထိကို ဈေးနှုန်းတစ်မျိုး၊ ၂၃ လွှာကနေ ၃၀ လွှာအထိကို ဈေးနှုန်းတစ်မျိုး သတ်မှတ်ထားကြောင်း သိရသည်။
အဆောက်အဦးသည် ၂၅ လွှာအထိ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၁၉ လွှာအထိကို အခန်းဖွဲ့ပြီးပြီဟုလည်း သိရပါသည်။
အခန်းကို အရစ်ကျ သိန်း ၁၀၀ အရင်ပေးချေရမည်ဖြစ်ပြီး နောက် ၁၀ ရက်နေရင် ၂၀%၊ နောက်တစ်လမှာ ၁၀%၊ နောက် ၂ လမှာ ၁၀%၊ နောက် ၃ လမှာ ၁၀% ပေးချေရမည်ဖြစ်ကြောင်း သိရပါသည်။
Source: This is an original writing of Myanmar Builders Guide based on information sourced from Diamond Inya Palace condominium website,phone,phanphlet.