မန္တလေးတိုင်းဒေသကြီးတွင် ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ရန် အတွက် စင်ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်းမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ဆိပ်ကမ်းများတည်ဆောက်ရန်စင်ကာပူနိုင်ငံ နှင့်ဆွေးနွေးထားမှုများရှိနေပြီး မန္တလေးဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရန် အတွက် ဧရာဝတီမြစ်ပေါ်တွင် ကုန်စည်စီးဆင်းမှု အများအပြားရှိနေသည်။စနစ်ကျသော ဆိပ်ကမ်းမရှိသေးပါ။
ဆိပ်ကမ်းရော ဆိပ်ကမ်းပတ်ဝန်းကျင်မှာပါ ဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံကောင်းများ ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရတနာပုံမြို့သစ်စီမံကိန်းကိုလည်း အမြန်ဆုံးဆောင်ရွက်ရန်စီစဉ်လျက်ရှိသည့်အပြင် စက်မှုလုပ်ငန်းများတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
ရရှိလာသော ကြောင့်အလားအလာ ကောင်းများစွာ ရှိလာကြောင်းသိရသည်။
စီမံကိန်းများစွာလုပ်ချင်သော်လည်း မြေနေရာအခက်အခဲ ရှိနေသည်။တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုသည် အလားအလာကောင်းများ အများအပြားရှိနေသည်။
ထိုကြောင့် လျှပ်စစ်ဓာတ်အား ပိုထုတ်နိုင်ရန်ကြိုးစားနေပြီး လျှပ်စစ်ဓာတ်အား ထုတ်ပြီး မြေပေးနိုင်လျှင် ရင်းနှီးမြှုပ်နှံများ ဝင်ရောက်လာမည်ဖြစ်သည်။
တိုင်းဒေသကြီးအတွက် ကောင်းသလို နိုင်ငံတော်အတွက်လည်း ကောင်းသည်။ဒေသခံများအတွက် အလုပ်အကိုင် များလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၂ ဘီလျံနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၈၂၉ ဒသမ ၆၇ ဘီလျံရှိကြောင်း အစိုးရအဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။