ရန်ကုန်မြို့သစ် စီမံကိန်းတွင် တိုင်းအစိုးရကျပ် ၄၆ ဘီလီယံရင်းနှီးမြုပ်နှံ


28 October, 2020

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရေးတွင်တိုင်းဒေသကြီးအစိုးရမှကျပ်၄၆ဘီလီယံရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်

 မတ်လ ၂၈ ရက်နေ့တွင်ကျင်းပသည့်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေသကြီး၏ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့်ပတ်သက်၍လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအပေါ်ပြန်လည်ရှင်းလင်းရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့က ပူးတွဲတည်ထောင်ထားသည့် အများပိုင်ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရက ၄၆ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိဆောက်လုပ်ရေးလုပ်ငန်းရှင် ၃၀ဝ၀ ကျော်ပါသော မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှဖွဲ့ထားသည့် Myanmar Construction and Development Public ကုမ္ပဏီနှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းပြီး Yangon Metropoliton Development Public အများပိုင်ကုမ္ပဏီကို ထပ်မံဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီတွင်ရန်ကုန်တိုင်းအစိုးရက ၅၁ ရာခိုင်နှုန်း၊ MCDP က ၄၉ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

ဝေဖန်မှုများရှိနေသည့်ယင်းရန်ကုန်မြို့သစ်စီမံကိန်းကိုယခင်အစိုးရလက်ထက်တိုင်းလွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီးယခုအစိုးရသစ်လက်ထက်ဆောင်ရွက်မည့်ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို အတည်ပြုရန်ပြီးခဲ့သည့်ရက်ပိုင်းကလွှတ်တော်သို့တင်သွင်းခဲ့ရာ၌နောက်ဆက်တွဲစီမံကိန်းများအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းသို့အတည်ပြုခဲ့သော်လည်းအဆိုပါအတည်ပြုမှုတွင်နောက်ဆက်တွဲအဖြစ်ဖော်ပြခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်းပါဝင်သည့် ရန်ကုန်မြို့ပြမဟာဗျူဟာ စီမံကိန်းလုပ်ငန်းများကို အတည်ပြုခြင်း မဟုတ်ဘဲ ၂၀၁၇-၁၈ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းများကိုသာအတည်ပြုခြင်းဖြစ်ကြောင်းပြောကြားထားသည်။
ယင်းပြောကြားချက်နှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥပဒေကြမ်းကိုသာ အတည်ပြုပေးရန်နှင့် နောက်ဆက်တွဲ စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းများကို လွှတ်တော်သို့ တင်ပြခြင်းဖြစ်၍ ဥပဒေကြမ်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်းသိရသည်။

Source:imyanmarhouse

Local Mixed Use and Urban Read 86 times