ပြင်ပ မြို့နယ်၁၁ ခုတွင်စက်မှုဇုန်များ အကောင်အထည်ဖော်မည့် အစီအစဉ်ကို သဘောမတူ


03 December, 2020

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြင်ပ မြို့နယ်၁၁ ခုတွင် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်မည့် အစီအစဉ်ကို သဘောမတူကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ မှပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြင်ပ မြို့နယ်မျာျး ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ရရှိစေရန် စက်မှုဇုန် ၁၁ ခုကိုဖော်ဆောင်ရန်ပြင်ဆင်နေကြောင်း လွှတ်တော်သို့တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းစက်မှုဇုန်များအား ထန်းတပင်၊ကော့မှူး၊တွံတေး စသည့် မြို့နယ်များတွင် ဖော်ဆောင်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

စက်မှုဇုန်အသစ်များဖော်ဆောင်ခြင်းထက် လက်ရှိလည်ပတ်နေသည့် စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်ခြင်း၊ဥပဒေမူဝါဒများအားကောင်းလာစေရန် ဆောင်ရွက်ခြင်းတို့ အား ဦးစွာပြုလုပ်သင့်သည်။

ထိုကဲ့သို့ စနစ်များ၊ဥပဒေများ အားကောင်းလာမှစက်မှုဇုန် ၁၁ ဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်သင့် ကြေင်း ကော်မတီ အနေနှင့် တင်ပြလိုကြောင်းသိရသည်။

လက်ရှိဖွင့်လှစ်လည်ပတ်နေသည့် စက်မှုဇုန်များတွင် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းအပါအဝင်လိုအပ်ချက်များစွာရှိနေပြီး ဆက်လက်ဖော်ဆောင်ရန် ပြင်ဆင်နေသည့် စက်မှုဇုန်များတွင် ထိုသို့ပြဿနာများ ရှိလာနိုင်သည်။

နိုင်ငံတကာ အဆင့်မီစက်မှုဇုန်များ ထူထောင်နိုင်ရန်အတွက် ထိုစက်ရုံများတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်မှု စနစ်များ၊ရေသုံးစွဲမှုစနစ်များ၊အားလုံးကို

စက်မှုဇုန် ၁၁ ခုလုံးတွင် လုပ်ငန်းများလုပ်ကိုင်မည့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့မှ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှ သာ အဆင်ပြေနိုင်မည်ဖြစ်သည်။

စက်မှုဇုန် ၁၁ ခုကို တစ်ပြိုင်တည်းဖော်ဆောင်ရန် လွယ်ကူသည့် ကိစ္စမဟုတ်ပဲ အားသာချက်၊အားနည်းချက်များကို သိရှိနိုင်ရန် ကနဦးစက်မှုဇုန် တစ်ခု၊နှစ်ခုကို သာ ရွေးချယ်ဆောင်ရွက်သင့်ကြောင်း အကြုံပြုထားသည်။

အားနည်းချက်များအားရှာဖွေပြီးကြိုတင် ပြင်ဆင်လုပ်ဆောင်မည်ဆိုလျှင် အကျိုးရှိနိုင်သည်ဖြစ်ကြောင်း ထောက်ခံမှုများ ရှိနေသည်။

ယင်းနှင့် ပတ်သက်သည့် များအား လွှတ်တော်တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။

Laws and Regulations Read 62 times