အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်နည်း
(ရာဖြတ်တန်ဘိုး မသိပဲ အခွန်ဆောင်၍မရပါ)(၄)လ အတွင်းချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (မူးရင်းနှင့်မိတ္တူ)တစ်နှစ်အတွင်းရေးဆွဲထားသော ရောင်း/ဝယ် အတွက်
မြေပုံမြေရာဇဝင်အမည်ပေါက်မှ ရောင်းချခြင်း(သို့)မှတ်ပုံတင် ဆက်စပ်စာချုပ်များ။ရှေ့/ဘယ်/ညာ မြေကွက်ဓာတ်ပုံ (၁)စုံဝယ်ယူသူက “အိမ်မြေ” လက်ခံရရှိပြီးကြောင်း
ဝန်ခံချက်တင်ပြချက်အားလုံး မှန်ကန်ကြောင်း ဝန်ခံချက်တို့ဖြင့်ကာလတန်ဖိုး စိစစ်ရေးအဖွဲ့သို့တင်ပြလျှောက်ထားရပါသည်။
တိုက်ခန်း/ကွန်ဒို အတွက် “ရာဖြတ်” တင်နည်း
အရောင်းအဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ) တွင်
• ရောင်းသူဝယ်သူ၊ မှတ်ပုံ ၊ နေရပ်လိပ်စာပါရှိရမည်။
• ပစ္စည်းတည်နေရာ နှင့် ပစ္စည်းစာရင်း
• သက်သေလက်မှတ်ထိုးသူများ၏ မှတ်ပုံတင်နေရပ်များ
• စာချုပ်အင်္ဂါရပ်နှင့်ညီးညွတ်သော စာချုပ်တံဆိပ်ခေါင်း
ဓာတ်ပုံ (ရှေ./ဘယ်/ညာ) တစ်စုံမှတ်ပုံတင်၊ အိမ်တော်စုစာရင်း (မူရင်းနှင့်မိတ္တူ)တင်ပြချက်အားလုံး မှန်ကန်ကြောင်း ဝန်ခံချက် တို့ဖြင့်ကာလတန်ဖိုး စိစစ်ရေးအဖွဲ့သို့တင်ပြလျှောက်ထားရပါသည်။
အဆောက်အဦး ဆောက်လုပ်ခြင်းအတွက် ရာဖြတ် တင်နည်း
ဆောက်လုပ်ခွင့် (မူရင်း နှင့် မိတ္တူ)B.Q (မူရင်း နှင့် မိတ္တူ)ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မူစာရင်း
အဆောက်အဦးဓာတ်ပုံ (ရှေ./ဘယ်/ညာ) တစ်စုံမှတ်ပုံတင်နှင့်အိမ်စုစာရင်း (မူရင်း နှင့် မိတ္တူ)
အမှန်တကယ် ဆောင်လုပ်ကြောင်းဝန်ခံချက်တင်ပြချက်အားလုံး မှန်ကန်ကြောင်း ဝန်ခံချက် တို့ဖြင့်ကာလတန်ဖိုး စိစစ်ရေးအဖွဲ့သို့တင်ပြလျှောက်ထားရပါသည်။
မေတ္တာဖြင့် အပိုင်ပေးခြင်းအတွက် “ရာဖြတ်” တင်နည်း
(၄)လအတွင်း ချုပ်ဆိုထားသော ပေးကမ်းခြင်းစာချုပ် (မူရင်းနှင့်မိတ္တူ)တစ်နှစ်အတွင်း ရေးဆွဲထားသောမြေပုံမြေရာဇဝင်
အမည်ပေါက်မှ ပေးကမ်းခြင်း(သို့)မှတ်ပုံတင်ဆက်စပ်စာချုပ်များ။တရားရုံးကျမ်းကျိန်လွှာ (မူရင်းနှင့်မိတ္တူ)ပေးကမ်း/လက်ခံသူတို့၏ မှတ်ပုံတင်+အိမ်ထောင်စုစာရင်း (မူရင်းနှင့်မိတ္တူ)
တင်ပြချက်အားလုံး မှန်ကန်ကြောင်း ဝန်ခံချက် တို့ဖြင့်ကာလတန်ဖိုး စိစစ်ရေးအဖွဲ့သို့တင်ပြလျှောက်ထားရပါသည်။