အဆောက်အဦတစ်ခုတရားဝင်ဆောက်လုပ်ရန် အတွက်လိုအပ်သောစာရွက်စာတန်းများအဆောက်အဦတစ်ခုတရားဝင်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ချမှတ်ထားသော စည်းကမ်းအချို့အား ဖော်ပြလိုက်သည်။
ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင်
၁။ဌာနမှ သတ်မှတ်လျှောက်လွှာ
၂။သက်ဆိုင်ရာဌာနမှ ၃နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း
၃။ဂရန်မိတ္တူ(သို့)နယ်နိမိတ်တိုင်းတာမှတ်သားထားသည့်မြေပုံ(မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)
၄။မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အခွန်အကြွေးအကျန်ကင်းရှင်းကြောင်းထောက်ခံချက်
၅။လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ
၆။လျှောက်ထားသူကိုယ်တိုင်သက်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၇။ဘေးမြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၈။အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်နှင့် အိမ်ငှားရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက် အပြင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်
၉။လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ(၃)စုံနှင့် ပစ္စည်းစာရင်း(၃)စုံ
၁ဝ။၃ထပ်နှင့်အထက်အဆောက်အဦများအတွက် SEC မှ တွက်ချက်ထားသော ခိုင်ခံမှုဆိုင်ရာတွက်ချက်မှုပုံစံ(၂)စုံ
ကိုုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များ
၄၀ x ၆၀ကျယ်ဝန်းသည့်မြေကွက်ပေါ်တွင်၃ထပ်နှင့်အောက်ကိုုယ်ပိုုင်လုံးချင်းတည်ဆောက်လိုုပါက အဆောက်အဦဆောက်လုုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ )၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၃ပေ ချန်ပြီးဆောက်လုုပ်ရကြောင်းသိရသည်။
၄၀ x ၆၀ အောက်ငယ်သည့်မြေကွက်ပေါ်တွင် ကိုုယ်ပိုုင်လုံးချင်းတည်ဆောက်လိုုပါကအဆောက်အဦဆောက်လုုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ)၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၁ ပေ ချန်ပြီးဆောက်လုုပ်ရသည်ဖြစ်ကြောင်းသိရသည်။
ကိုုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် အနည်းဆုံးထားရှိရမည့်အခန်းအမြင့်များမှာ မြေညီ ၁၀ ပေ၊ကျန်အထပ်များ ၉ ပေဆီထားရှိရမည်ဖြစ်ပြီး
အထက်ပါသတ်မှတ်ချက်အားပြောင်းလဲလိုုပါကခိုုင်လုံသောအကြောင်းပြချက်ဖြင့်သီးခြားခွင့်ပြုချက်ရယူဆောင်ရွက်ရသည်ဖြစ်ကြောင်းသိရသည်။
အထက်ပါအစည်းမျည်းစည်းကမ်းများအတိုင်းတည်ဆောက်ပြီးစီးသွားသောအခါ သက်သေခံလက်မှတ် ( BCC ) လျှောက်ထားရာတွင်
၁။ BCC လျှောက်လွှာ
၂။လျှောက်ထားသူ/ ပိုင်ရှင် ၏မှတ်ပုံတင်မိထ္တူ
၃။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၄။ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ
၅။ဆောက်လုပ်ခွင့်ပုံစံ Drawing မိတ္တူ ၁ စုံ
၆။ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခငွေသွင်းချလံမိတ္တူ
၇။အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာ
၈။စစ်ဆေးရေးအင်ဂျင်နီယာ၏ မှတ်ချက်ပါရှိသော log-book
၉။သန့်ရှင်းရေးဌာန၏အမှိုက်ပုံးဝယ်ပြီးကြောင်း ထောက်ခံချက်
၁၀။ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တို့လိုအပ်သည်ဖြစ်ကြောင်း သိရသည်။
Source:imyanmar House