အဆောက်အအုံ နှင့် သက်ဆိုင်သော လုပ်ငန်းများလုပ်ဆောင်ရာတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများ


17 November, 2020

အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

၁။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

   ဌာနမှသတ်မှတ်လျှောက်လွှာ

    အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အိမ်ငှားရှိလျှင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ၏ ထပ်ဆင့်ထောက်ခံချက်
    သက်ဆိုင်ရာဌာနမှ (၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း
    ဂရန်မိတ္တူ (သို့) နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)
    ဘေးမြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်
    လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
    မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်
    လိုင်စင်ရအင်ဂျင်နီယာမှ လက်မှတ်ရေးထိုးထားသောအဆိုပြုပုံစံ(၃)စုံ

   (၃)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အဆောက်အအုံအင်ဂျင်နီယာ (SEC) မှတွက်ချက်တင်ပြထားသည့် အဆောက်အအုံ၏ ခိုင်မာမှုဆိုင်ရာတွက်ချက်မှု ပုံစံ(၁)စုံ

   (၄)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အထက်ပါအချက်များအပြင် အောက်ပါအချက်များပါတင်ပြရန်

   (က) မြေပိုင်ရှင်၊လိုင်စင်ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာတို့၏ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောက်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိ

   (ခ) မြေခံနိုင်အား စမ်းသပ်မှု (Soil Test)

   (ဂ) ဝဲ၊ ယာတွင် အထပ်မြင့်အဆောက်အအုံရှိပါက၎င်းအဆောက်အဦးများ၏ Theodolite Reading

အဆောက်အအုံအသစ်(အရပ်စာချုပ်) ဆောက်လုပ်ခွင့် လျှောက်လွှာ

   ဌာနမှသတ်မှတ်လျှောက်လွှာ

    လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ(A4 Size တစ်မျက်နှာတည်းတွင်အပေါ်အောက်ကူးရန်)
    ပိုင်ဆိုင်မှုအထောက်အထား(မြေကွက်အကျယ်အဝန်း၊ မြေတိုင်းရပ်ကွက်၊ မြေကွက်အမှတ်ဖော်ပြရန် )
    ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
    မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏အခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်
    ပိုင်ရှင်၊ လိုင်စင်အင်ဂျင်နီယာလက်မှတ်၊ SEC ရေးထိုးထားသောအဆိုပြုပုံစံ(၃)စုံ (ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်မည်ဆိုပါကလိုင်စင်ကန်ထရိုက်တာလက်မှတ်ရေးထိုးရန်)

   (၃)ထပ်ကန်ထရိုက်တိုက်ပုံစံအဆောက်အအုံများအတွက်မီးသတ်ထောက်ခံချက်

   (၃)ထပ်အဆောက်အအုံများအတွက်အဆောက်အအုံအင်ဂျင်နီယာ(SEC)၏ခိုင်ခံ့မှုနှင့်ပတ်သက်၍ခံဝန်ကတိ

   (၃)ထပ်ကန်ထရိုက်တိုက်ပုံစံအဆောက်အဦများအတွက်မြေပိုင်ရှင်၊ ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာတို့၏အဆောက်အအုံဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းဝန်ခံကတိ(၄ဦး Bond)

   အထပ်တိုးဆောင်ရွက်ခြင်းမရှိကြောင်းမြေရှင်နှင့်LSတို့၏ခံဝန်

အဆောက်အအုံသက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

၁။ အဆောက်အအုံ သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

   ဌာနမှသတ်မှတ်လျှောက်လွှာ

    လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
    ဆောက်လုပ်ခွင့်ပါမစ်နှင့်အိမ်ပုံစံမိတ္တူ တစ်စုံ
    ပုံစံစစ်ဆေးခငွေသွင်းချလံ မိတ္တူ

အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ်(BCC) လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

၁။ အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားရာတွင် အောက်ဖော်ပြပါ                       အချက် များကိုသတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

   ဌာနမှသတ်မှတ်လျှောက်လွှာ

    လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
    ဆောက်လုပ်ခွင့်ပါမစ်နှင့်အိမ်ပုံစံမိတ္တူ တစ်စုံ
    ပုံစံစစ်ဆေးခငွေသွင်းချလံ မိတ္တူ
    စစ်ဆေးချက်မှတ်တမ်း စာအုပ် (Log Book)
    ရာပြတ်ဌာန၏အခွန်ပေးဆောင်ပြီးပြေစာ

   (၃)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အထက်ပါအချက်များအပြင်အောက်ပါအချက်များပါတင်ပြရန်−

   (၁) ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကိစ္စစိစစ်ပြီးကြောင်းထောက်ခံချက် (သို့) အခွန်ပေးဆောင်မည်ဖြစ်ကြောင်းထောက်ခံချက်

   (၂) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

   (၃) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ၏ ထောက်ခံချက်

   (၄) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ၏ ထောက်ခံချက်

   (၅) မြို့နယ်အုပ်ချုပ်ရေးမှူးလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ၏ထောက်ခံချက် (Y.E.S.B). (သို့) မီတာများတပ်ဆင်     ရန်လျှောက်ထားပြီးသည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်

   (၆) အင်ဂျင်နီယာဌာန (အဆောက်အအုံ) လျှပ်စစ်ဌာနခွဲ၏ထောက်ခံချက်

   (၇) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ အမှိုက်ပုံး ဝယ်ယူထားသော ချလံ

   (၈) အဆောက်အအုံတိမ်းစောင်းမှု ရှိ/မရှိ Theodolite Reading

   (၉) အဆောက်အအုံ၏ ရှေ့/နောက်၊ ဝဲ/ယာ လျှပ်စစ်မီတာ၊ ရေမော်တာ မိလ္လာကန် ထားရှိမှုဓာတ်ပုံ

   (၁၀) အခန်း ၁၈ ခန်းနှင့်အထက် အဆောက်အအုံ များအတွက် Transformer တပ်ဆင်သုံးစွဲခွင့် YESB                   ထောက်ခံချက်

   (၁၁) ဓာတ်လှေခါးပါဝင်သော အဆောက်အအုံများအတွက် ဓာတ်လှေခါးတပ်ဆင်သုံးစွဲခွင့် လက်မှတ် (E.I).

အဆောက်အအုံဖျက်သိမ်းခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

အဆောက်အအုံဖျက်မိန့်တင်ပြရာတွင် လိုအပ်သောစာရွက်စာတမ်းများ

(၁)   အဆောက်အဦးဖျက်သိမ်းခြင်းအတွက်လျှောက်လွှာ

(၂)   လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ (A4 Size တစ်မျက်နှာတည်းတွင် အပေါ်အောက် မိတ္တူ ကူးရန်)

(၃)   သက်ဆိုင်ရာဌာနမှ(၃)နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/ရာဇဝင်မိတ္တူ (မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)

(၄)   စည်ပင်သာယာအခွန်ကြွေးကျန်မရှိကြောင်းသက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ၏​ထောက်ခံချက်

(၅)   အဆိုပြုအဆောက်အအုံဖျက်သိမ်းရာတွင်ဘေးကပ်လျှက်ရှိသောအဆောက်အအုံပျက်စီးမှု မရှိစေရန်

(၆)   အဆောက်အဦးဟောင်းအားကြိုတင်ဖျက်သိမ်းခြင်းအတွက်ဖြစ်ပေါ်လာမည့်ကိစ္စအားလုံး

     တာဝန်ယူကြောင်းလျှောက်ထားသူ၏ဝန်ခံကတိပြုစာချုပ်

(၇)   ဖျက်သိမ်းမည့်အဆောက်အအုံဟောင်းတွင် အိမ်ဌားရှိလျှင် အိမ်ရှင်၊အိမ်ဌားပြသာနာမရှိကြောင်း

       မြို့နယ်အုပ်ချုပ်ရေးမှူး ၏ထောက်ခံချက်မူရင်း

(၈)   ဖျက်သိမ်းမည့်အဆောက်အအုံ၏ဓါတ်ပုံနှင့်ဘေးနှစ်ဖက်ရှိအဆောက်အအုံ၏ဓါတ်ပုံ

Tips Read 278 times