တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အာမခံပစ္စည်း(collateral)မယူဘဲ ပရော့ဂျက်အလိုက်ချေးငွေ ထုတ်ချေးပေးနေသည်ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHD Bank)ထုတ်ပြန်ချက်အရသိရသည်။
နိုင်ငံတော်၏ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (လမ်း/တံတား/လျှပ်စစ်/ကျောင်း/အစိုးရရုံးများ)တည်ဆောက်ရေးစသော အပိုင်းများတွင် တင်ဒါအောင်မြင်ပြီးသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား လျင်မြန်စွာ ဆောင်ရွက်လာစေရန် ရည်ရွယ်ပြီး ချေးငွေထုတ်ချေးပေးနေကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနှင့် ဆောက်လုပ်ရေးတင်ဒါလျှောက်ထားရာတွင် လိုအပ်ချက်များမှာ
(၁)ကုမ္ပဏီLetter Head နှင့်ချေးငွေလျှောက်လွှာ(ဒါရိုက်တာအဖွဲ့မှ တာဝန်ပေးထားသော ကုမ္ပဏီအကြီးအကဲနှင့် ဒါရိုက်တာတစ်ဦးလက်မှတ်ရေးထိုးရန်)
(၂)ချေးငွေလျှောက်လွှာတွင် လက်မှတ်ရေးထိုးသော ကုမ္ပဏီအကြီးအကဲနှင့် ဒါရိုက်တာ၏နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊အိမ်ထောင်စုစာရင်း(မိတ္တူ)
(၃)သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်၊From(6),From(26),Fromသင်းဖွဲ့စည်းမျဉ်းသင်းဖွဲ့မှတ်တမ်း၊တင်ဒါချေးငွေရယူရန်နှင့်ချေးငွေထုတ်ယူသူအရာရှိအဖြစ် တာဝန်ပေးအပ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း။
(၄)တင်ဒါလုပ်ငန်းအပ်နှံသည့်စာ(Work Order)မိတ္တူ၊မူရင်းပူးတွဲတင်ပြရန်။
(၅)တင်ဒါလုပ်ငန်းအပ်နှံသူနှင့် တရားဝင်ချုပ်ဆိုထားသော လုပ်ငန်းသဘောတူစာချုပ်မိတ္တူ၊မူရင်းတွဲပြရန်။
(၆)CHDB မှ ထုတ်ပေးသော Performance Guarantee မိတ္တူ၊မူရင်းပူးတွဲတင်ပြရန်။
(၇)တိုင်းဒေသကြီး၊ပြည်နယ် MCEAအသင်းဝင်လက်မှတ်၊မူရင်းပူးတွဲတင်ပြရန်။
(၈)လုပ်ငန်းအပ်နှံသူသက်ဆိုင်ရာဦးစီးဌာန၏လုပ်ငန်းအတွက် ငွေပေးချေမှုများအား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြ်ိုးရေးဘဏ်၏ စာရင်းရှင်းစာရွက်ကိုပေးသွင်းမည်ဖြစ်ပြီးထောက်ခံစာနှင့်အတူ လုပ်ငန်းအပ်နှံသူသက်ဆိုင်ရာဦးစီး ဌာန၏ အကြီးအကဲလက်မှတ်ရေးထိုးထားသည့်(L-25 Guarantee From)။
(၉)တင်ဒါအောင်ဆောက်လုပ်ရေးလုပ်ငန်းအနည်းဆုံး ၁ဝရာခိုင်နှုန်းပြီးစီးနေရမည်ဖြစ်ပြီး လက်ရှိလုပ်ငန်းပြီးစီးမှုမှတ်တမ်းဓာတ်ပုံနှင့်အတူ ပြီးစီးမှုအပေါ်လုပ်ငန်းအပ်နှံသူသက်ဆိုင်ရာဦးစီးဌာန၏ထောက်ခံချက်။
(၁ဝ)တင်ဒါချေးငွေရရှိပါက သြဒီမန်စာချုပ်(Promissory Note-Pronote)တွင် (က)လူပုဂ္ဂိုလ်တစ်ဦးအနေနှင့် ချေးငွေရယူပါက ဇနီး၊ခင်ပွန်းပူးတွဲလက်မှတ်ရေးထိုးရန်၊အိမ်ထောင်မရှိပါက ဥပဒေအရ အမွေဆက်ခံပိုင်ခွင့်တစ်ဦးတို့ပူးတွဲလက်မှတ်ရေးထိုးရန်၊(ခ)ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်သော ဒါရိုက်တာအဖွဲ့ဝင်ကိုယ်စားလှယ်နှစ်ဦးလက်မှတ်ရေးထိုးရန်။
(၁၁)ချေးငွေအတိုးနှုန်း ၁၃ရာခိုင်နှုန်းဖြစ်ပြီးကျသင့်အတိုးငွေမှာ ဘဏ်တွင်ချမှတ်ထားသော သတ်မှတ်ကာလတွင် မပျက်မကွက်ပေးသွင်းရမည်ဖြစ်သည်။
(၁၂)ချေးငွေသက်တမ်းတွင် တင်ဒါလုပ်ငန်းစာချုပ်ပါ သတ်မှတ်ချက်နှင့် သက်တမ်းအရဖြစ်သည်။
(၁၃)ချေးငွေများကို တင်ဒါအောင်မြင်သော သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ အနီးစပ်ဆုံး CHD Bank ဘဏ်ခွဲများတွင် စာရင်းဖွင့်လှစ်ပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။
ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေနှင့် နီးစပ်ရာ CHD Bank များဖြစ်သော ရုံးချုပ်၊ဒဂုံဘဏ်ခွဲ၊ဗိုလ်တထောင်ဘဏ်ခွဲ၊နေပြည်တော်ဘဏ်ခွဲ၊မန္တလေးဘဏ်ခွဲ၊ပုသိမ်ဘဏ်ခွဲ၊မော်လမြိုင်ဘဏ်ခွဲ၊မင်္ဂလာတောင်ညွှန့်ဘဏ်ခွဲ၊ရွှေပေါက်ကံဘဏ်ခွဲ၊မကွေးဘဏ်ခွဲ၊မုံရွာဘဏ်ခွဲ၊ဘားအံဘဏ်ခွဲများအား ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။