ရန်ကုန်-မန္တလေးသီလဝါဆိပ်ကမ်းကြားကွန်တိန်နာရထားများ ချိတ်ဆက်ပြေးဆွဲနိုင်မည့် ကုန်းတွင်းဆိပ်(Dry Ports)ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရွာသာကြီးတွင် တည်ဆောက်လျက်ရှိကြောင်းသိရသည်။
KM Terminal & Logistics Limited မှ ကုန်းတွင်းဆိပ်တည်ဆောက်ရေး လုပ်ငန်းအား တာဝန်ယူတည်ဆောက်လျက်ရှိသည်။
ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုသည် MIC ကိုတင်ပြထားရာတွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၇ သန်းဖြစ်ကြောင်းသိရသည်။
နောက်ပိုင်းတွင် ကန်ဒေါ်လာ ၅၂ သန်းခန့် ကုန်ကျလာလိမ့်မည် ဟု ခန့်မှန်းထားသည်။လက်ရှိတွင် ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
စီမံကိန်းအားလုံးအား ဒီဇင်ဘာတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားသည်။
ကုန်းတွင်း ဆိပ်တည်ဆောက်မှုမှာ ရွာသာကြီး ဧက ၄ဝ ဆောင်ရွက်နေသကဲ့သို့ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်တွင် လည်း ဧက ၄ဝကျော်ဆောင်ရွက်နေကြောင်းသိရသည်။
ကွန်တိန်နာ သိုလှောင်ရုံကြီးများ၊ရထားလမ်းများ ပါဝင်သည်။ကုန်းတွင်းဆိပ်တစ်ခုလျှင် ကွန်တိန်နာ အလုံး ၂ဝဝဝဝဝ အထိ သိုလှောင်ထားရှိနိုင်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီး Plot A တွင် ဖြစ်သည်။အကျယ်အဝန်းအားဖြင့် မြေဧရိယာ ၄ဝ ဧကရှိသည်။ကန်ဒေါ်လာ သန်း ၅ဝ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။
လုပ်ငန်းအားလုံးပြီးစီး သွားလျှင် တစ်ရက်ကို အနည်းဆုံး ကွန်တိန်နာ အလုံး ၃ဝဝဝ ခန့် ကိုင်တွယ်နိုင်မည်ဖြစ်သည် ဟု Resources Group Logistics Co.,Ltd မှ ပြောကြားကြောင်းသိရသည်။
ယင်းကုမ္ပဏီများအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထားပိုင်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးတွင် မြေဧရိယာဧက ၄ဝ စီရယူကာ B.O.T စနစ်ဖြင့်
ကုန်းတွင်းဆိပ်များတည်ဆောက်ရေးလုပ်ငန်းမာျး ကို ပြီးခဲ့သည့် အောက်တိုဘာလ ခန့်က စတင်ဆောင်ရွက်နေကြောင်း၊ စီမံကိန်းအားလုံးကို ၂ဝ၁၈ အောက်တိုဘာလ ခန့်တွင် ပြီးစီးအောင် ဆောင်ရွက်ပြီး
ဒီဇင်ဘာလအတွင်း ကုန်းတွင်းဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ၊စတင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
ကုန်းတွင်းဆိပ်(Dry Ports) များသည် ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းများတွင် ယာဉ်ကြော ကျပ်တည်းမှု လျှော့ချရေး နှင့် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ သက်သာစေရေးအတွက်
လည်းကောင်း၊မြန်မာနိုင်ငံအောက်ပိုင်း နှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာပြီး မြန်မာနိုင်ငံကုန်သွယ်မှု အချက်အချာဒေသဖြစ်လာစေရေးအတွက်လည်းကောင်းရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းကုန်းတွင်း ဆိပ်များတည်ဆောက်ပြီးပါက ရန်ကုန်သီလဝါဆိပ်ကမ်း၊ရွာသာကြီးကုန်းတွင်းဆိပ်၊မန္တလေး-မြစ်ငယ်တို့အကြား ကွန်တိန်နာ ရထားများပြေးဆွဲလာနိုင်မည်ဖြစ်၍ ဒေသတွင်းပို့ကုန်
သွင်းကုန်များ ဖွံ့ဖြိုးတိုးတက်ခြင်း၊အလုပ်အကိုင်သစ်များ တိုးတက်ခြင်းတို့ကြောင့် စီးပွားရေးဖွံ့ဖြိုးလာမည့် အနေအထားဖြစ်သည်။
Source:Myanmar Alinn