Dusit Thani Yangon Hotel


27 October, 2020

Dusit Thani Yangon Hotel စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကပ်လျက်မြေနေရာရှိ ရန်ကုန်မြို့၏ ဒုတိယဗဟို စီးပွားရေးဇုန်တွင် ထည့်သွင်းတည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းဟိုတယ်စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှာ ဗိသုကာဒီဇိုင်းရေးဆွဲပေးထားပြီး ထိုင်းနိုင်ငံအခြေပြုလုပ်ငန်းစုမှ ဟိုတယ်စီမံခန့်ခွဲမှုပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ) စီမံကိန်း၏ ပထမအဆင့်တွင် လူဦးရေ လေးထောင်ကျော်ဆန့်သော နိုင်ငံတကာအဆင့်ရှိ ကွန်ဗင်းရှင်းစင်တာကို တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယခုအချိန်တွင် ထိုကွန်ဗင်းရှင်စင်တာနှင့် တွဲဖက်၍ Dusit Thani Yangon Hotel စီမံကိန်းကိုပါ တွဲဖက်တည်ဆောက်ကြောင်းသိရသည်။

ယင်းဟိုတယ်စီမံကိန်းမှာ ကြယ်ငါးပွင့်အဆင့်ရှိပြီး နိုင်ငံခြားသားဧည့်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သော နိုင်ငံတကာအဆင့်မီဟိုတယ်တစ်ခုအဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ထိုဟိုတယ်ကို ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။

ယင်းဟိုတယ်စီမံကိန်းတွင် အခန်းပေါင်း ၃၃၈ ခန်းပါဝင်မည်ဖြစ်ပြီး Ballroom Function and Meeting Room များ၊ စားသောက်ဆိုင်များ၊ ကားပါကင်များနှင့် တခြားကြယ်ငါးပွင့် အဆင့်အတန်းရှိသောဝန်ဆောင်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Source: Myawaddy newspaper

Hospitality Read 68 times