မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရကုမ္ပဏီများမှတ်ပုံတင်ခြင်းအား အွန်လိုင်း စနစ်ဖြင့်လုပ်ဆောင်မည်ဖြစ်သည့်အတွက် ယခင်က မှတ်ပုံတင်ထားသည့်ကုမ္ပဏီများအားလုံးပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးမှူးချုပ်မှ ဒီဇင်ဘာ ၁၃ရက်တွင် ပြောကြားကြောင်း သိရသည်။
ထိုဥပဒေအား ပြဋ္ဌာန်းပြီး ရှစ်လအကြာတွင် စတင်ကျင့်သုံးမည်ဖြစ်သည်။စတင်ကျင့်သုံးလျှင်လည်း မှတ်ပုံတင်ခြင်းအား အွန်လိုင်းစနစ်နှင့် သွားမည်ဖြစ်သည့်အတွက် ယခင်ကမှတ်ပုံတင်ထားသောကုမ္ပဏီများသည်ခြောက်လအတွင်းတွင်ပြန်၍မှတ်ပုံတင်ရမည်ဖြစ်သည်။အီလက်ထရွန်နစ်စနစ်သွားသည့်အချိန်တွင် Manual စနစ်နှင့် လာရောက်လုပ်ဆောင်ချင်သော ကုမ္ပဏီရှိလျှင်လည်း လုပ်ဆောင်ပေးမည်ဖြစ်ကြာင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်ပါကကုမ္ပဏီများ၏သတင်းအချက်အလက်လုံခြုံရေးစိတ်ချမှုရရှိရန်အတွက် အမေရိကန်ကုမ္ပဏီတစ်ခုမှ လုပ်ဆောာင်ပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဥပဒေအရလည်းပြည်တွင်းကုမ္ပဏီတွင်နိုင်ငံခြားသားအား ၃၅ရာခိုင်နှုန်းရှယ်ယာဝယ်ယူပိုင်ခွင့်ပေးထားကြောင်း သိရသည်။
ယခုကဲ့သို့ ရှယ်ယာဝယ်ခွင့်ပေးသည်ကလည်း ကိုယ့်နိုင်ငံသားများအတွက် စဉ်းစား၍လုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ကိုယ့်နိုင်ငံသားများမှ ကုမ္ပဏီတစ်ခုတွင် ၁ဝဝရှိသည်မှ ၃၅ကျပ်ကိုသာ နိုင်ငံခြားသားကိုပေးခြင်းဖြစ်သည်။သုံးပုံတစ်ပုံသာပေးသည့်အတွက်ကြောင့် နိုင်ငံခြားငွေဝင်လာပြီး နည်းပးညာများ ရမည်ဖြစ်သည်။၎င်းတို့၏စျေးကွက်လည်းရမည်ဖြစ်ပြီး ကုမ္ပဏီ၏ထိန်းချုပ်မှုသည်နိုင်ငံသားလက်ထဲတွင် ရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂ဝ၁၈ခုနှစ်သြဂုတ်လတွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး ဥပဒေစတင်မကျင့်သုံးမီကာလ လုပ်ဆောင်သည့် လုပ်ငန်းများကိုယခင်ဥပဒေအဟောင်းဖြင့်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Source:Pyi Myanma