East Race Course Condominium သည် အမှတ်၂၃၈ ၊အရှေ့မြင်းပြိုင်ကွင်းလမ်းမကြီး၊ တာမွေမြို့နယ်ရှိမြေဧက ဝ.၃၃ပေါ်တွင်တည်ဆောက်နေသည့် စီမံကိန်းဖြစ်ပါသည်။
ထိုစီမံကိန်းကို Naing Group Capital မှအဓိကတာဝန်ယူဆောက်လုပ်ကြောင်းသိရပြီး ၂၀၁၃ခုနှစ်၊နှစ်ကုန်ပိုင်းလောက်ကစတင်ကာ ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။
ဗိသုကာဒီဇိုင်းကို New Generation Myanmar Group မှဆွဲပေးထားပြီး ကြမ်းခင်းဧရိယာစုစုပေါင်း ၂၈၀၀၀၀ စတုရန်းပေခန့်ရှိကြောင်းသိရသည်။ အခြေခံအုတ်မြစ်ကို မြန်မာနိုင်ငံမှ Geo-Tech Pile မှ ကိုယ်ပိုင် SANY တံဆိပ်စက်ယန္တယားများဖြင့် ၂၀၁၅ ခုနှစ်တွင် လုပ်ဆောင်ပေးခဲ့ပါသည်။
ကွန်ဒိုအဆောက်အဦးသည် ၁၆ ထပ်မြင့်ပြီး လူနေအခန်းပေါင်း ၉၅ ခန်းပါဝင်ကြောင်းသိရသည်။ ငါးလွှာမှစ၍ လူနေကွန်ဒိုဖြစ်ပြီး တစ်လွှာတွင် ၇ ခန်းတွဲရှိသည်။
တိုက်ခန်း အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀၀ မှ ၁၈၀၀ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။
မြေအောက်ခန်း ၃ ထပ်နှင့် တတိယထပ်တွင် ကားပါကင်ပါဝင်မည်ဟု သိရပြီး ၄ ထပ်တွင် facilities အနေဖြင့် အားကစားခန်းမနှင့် ရေကူးကန်တို့ ပါဝင်မည်ဖြစ်သည်။
ကွန်ဒိုတွင် ဓာတ်လှေကား ၃ စီး၊ ကားအတွက် ဓာတ်လှေကား ၂ စီး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြေညီထပ်မှ ဒုတိယထပ်အထိ သည်စီးပွားရေးသုံးအဖြစ်လျာထားပြီး တစ်လွှာလုံးအပြတ်ရောင်းစနစ်ဖြင့် ရောင်းချမည်ဟုသိရသည်။
တိုက်ခန်း pricing မှာတစ်စတုရန်းပေလျှင် နှစ်သိန်းခုနှစ်သောင်းခန့် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ အထပ်မြင့်လျှင် ဈေးပိုများလာမည်ဖြစ်သည်။
ကွန်ဒိုဝယ်ယူသူများသည် ပထမအရစ်အတွက် ငွေပေးချေမှုမှာ ၅၀% ကို ကုမ္ပဏီသို့ အရင်ပေးချေရမည်ဖြစ်ပြီး နောက်ထပ် ၅၀% ကို တစ်နှစ်နှင့်ရှစ်လ အရစ်ကျခွဲ၍ ကုမ္ပဏီသို့ပေးချေရမည်ဖြစ်သည်။
Source: Naing Group Capital, New Generation Myanmar Group,Marketing Materials