EIA/SIA စစ်ဆေးဖို့ တင်ဒါခေါ်တော့မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း 


09 December, 2019

 ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုစစ်ဆေးခြင်း(EIA/SIA)အတွက် မကြာခင်မှာ နိုင်ငံတကာကုမ္ဗဏီ တွေကို  တင်ဒါခေါ်ယူတော့မှာဖြစ်ပြီး စီမံကိန်းလုပ်ငန်းတွေကို  လာမယ့်နှစ် နှစ်ကုန်ပိုင်းလောက်မှာ စနိုင်ဖို့ ခန့်မှန်းထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောပါတယ်။

 

        ဒုတိယဝန်ကြီး ဦးအောင်ထူး က “ကျွန်တော်တို့ရဲ့   သဘောတူ ညီ ချက်အရတော့  consortium ပေါ့ လေ၊ consortium ဆိုတဲ့နေရာ မှာ အစိုးရပါတယ်၊ ပုဂ္ဂလိကုမ္ဗဏီတွေ ပါတယ်၊ နောက်ပြီးတော့ CITIC ကုမ္ဗဏီပါတယ်၊ ဒီ consortium ကနေပြီးတော့မှ   နိုင်ငံတကာကို တင်ဒါခေါ်ပါ့မယ်၊ တင်ဒါခေါ်ပြီး တော့ နိုင်ငံတကာ ကဝင် ပြိုင်မယ့် ကုမ္ဗဏီတွေထဲကနေ ပြီး တော့ ရွေးချယ်မှာ ဖြစ်တယ်”လို့ ပြောပါ တယ်။

 

         EIA/SIA   လုပ်ငန်းဟာ  တစ်နှစ်လောက်ကြာမှာဖြစ်ပြီး  စိစစ်တွေ့ရှိချက်တွေကို အစီရင်ခံစာအနေနဲ့  ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ပြန်လည် စစ်ဆေးရမှာဖြစ်ပြီး ဝန်ကြီးဌာနကနေ ခွင့်ပြုချက်ရရှိမှ စီမံကိန်းမှာ ပါဝင်တဲ့လုပ်ငန်းတွေကိုအ ကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။

 

        အစိုးရအနေနဲ့ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်း အတွက် မူဘောင်သဘောတူညီချက်(fra-mework agreement)ကို ပြီးခဲ့ တဲ့ နှစ် နိုဝင်ဘာလ ၈ ရက်နေ့က တရုတ်အစိုးရပိုင် CITIC  ကုမ္ဗဏီတို့  လက်မှတ်ရေးထိုးခဲ့ကြ တာဖြစ်ပါတယ်။အကျိုးအမြတ်ရရှိမှု အချိုးအစားကတော့ မြန်မာအစိုးရ ဘက်က ၃၀ ရာခိုင်နှုန်း၊တရုတ် ကုမ္ဗဏီက ၇၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

 

         ကျောက်ဖြူအထူးစီးပွားရေး ဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အရင်အစိုးရ  အကောင်အထည်ဖော် ဖို့ စီစဉ်ခဲ့တဲ့အတိုင်း ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ အိမ်ရာ စီမံကိန်းဆိုပြီး အပိုင်းသုံးပိုင်းခွဲကာ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး မူဘောင်သဘောတူညီချက် စာ ချုပ်ကိုလည်း သုံးခါရေးထိုးရမှာ ဖြစ်ပါတယ်။ ပထမဆုံးအကောင် အထည်ဖော်မယ့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အဆင့်လေးဆင့်ခွဲကာ ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမအဆင့်အတွက်အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံခန့်ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ လေးဆင့်လုံး ပြီး မြောက်ရင်တော့ လျာထားတဲ့အတိုင်း ၇ .၃ ဘီလျံခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

 

        ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ပထမအဆင့်မှာသင်္ဘော ကျောက် ချ ရပ်နားစခန်း  (ဆိပ်ခံတံတား) နှစ်ခု တည်ဆောက်မှာပါ။အခုလို တည်ဆောက်ရာမှာတတိယ အဖွဲ့ အစည်းတစ်ခုကို ငှားရမ်းစစ်ဆေး ပြီး တွက်ချက်ဆောင်ရွက်မယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ န  ဒုတိယ ဝန်ကြီး ဦးဆက်အောင်က မူ ဘောင်သဘောတူညီချက် လက်မှတ်ထိုးပွဲမှာပြောကြား ထား ပါတယ်။  ဒါ့အပြင်  မြန်မာအစိုးရပိုင်းကနေ ရင်းနှီး မြှုပ်နှံခွင့်ရတဲ့   ၃၀ ရာခိုင်နှုန်းထဲမှ  ၁၅  ရာခိုင်နှုန်းကို အစိုးရက အသိ အမှတ်ပြုထားတဲ့ ကုမ္ဗဏီ(GDE) တွေက ရင်းနှီးမြှုပ်နှံ ခွင့်ရမှာ ဖြစ်ပါတယ်။

 

        ဒုတိယဝန်ကြီး   ဦးအောင်ထူး က “စီမံ ကိန်းတွေအတွက်ကုမπဏီ တွေ ခေါ် ထားတာတော့  ကြာပါပြီ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက  EOI  ဆိုပြီးခေါ်ထားပါ တယ်၊ ခေါ်ထားတဲ့အခါမှာ ကုမ္ဗဏီ ၅၀ ကျော်လောက် စာရင်းပေးပါတယ်၊ ဒီမှာလဲ   ပုဂ္ဂလိကကုမ္ဗဏီဆိုတာတော့ အလျှော့အတင်းတွေ ရှိပါ တယ်၊ တစ်ခါတလေပါမယ်လို့ ပြော ပြီးမှ ပြန်လျော့သွားတာတွေလဲရှိပါတယ်။ နောက်ဆုံးကျန်တဲ့ ကုမ္ဗဏီ တွေကတော့ ကျွန်တော်လဲ အတိအကျတော့မသိဘူး၊ ကျွန်တော်သိသလောက်တော့  ၅၁  ၊၅၂  လောက် ကျန်မယ်ထင်ပါတယ်”လို့  ပြောပါ တယ်။

 

         ဒုတိယဝန်ကြီး ဦးဆက်အောင်ကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့  ဆက်စပ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံ အတွက်အမှန်တကယ်လိုအပ်နေတဲ့ ဗျူဟာမြောက်စီမံကိန်းဖြစ်စေဖို့ နဲ့ မြန်မာနိုင်ငံကေ ရးဆွဲကျင့်သုံးလျက်ရှိတဲ့ မြန်မာ့ရေရှည်တည်တံ့ခိုင်မြဲပြီး   ဟန်ချက်ညီတဲ့  ဖွံ့ဖြိုးတိုးတက်မှုစီမံချက်များဖြစ်တဲ့ MS-DP  နဲ့ ကိုက်ညီစေဖို့ စိစစ်ဖော်ထုတ်နိုင်မယ့်  screening tools  တွေလည်း အဆင်သင့် ရှိနေပြီလို့ လက်မှတ်ထိုးပွဲမှာ  ပြောကြားထားပါတယ်။     

Local Read 50 times