ရန်ကုန်မိုးပျံအမြန်လမ်းမကြီးစီမံကိန်းအပိုင်း(၁)အတွက် (RFQ)တင်ပြရန် ဖိတ်ခေါ်


05 December, 2020

ရန်ကုန်မိုးပျံအမြန်လမ်းမကြီးစီမံကိန်းအပိုင်း(၁)အတွက် တည်ဆောက်လိုသည့်ကုမ္ပဏီ များကို ကြိုတင်အရည်အချင်းစစ်နိုင်ရန် ဆန်ခါတင်အရည်အသွေး ပြည့်မီမှု(RFQ)တင်ပြရန်ဆောက် လုပ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ် သည်။

             ကြိုတင်အရည်အချင်းစစ် ရန် ကဏ္ဍခြောက်ခုပါဝင်ပြီး အောက်တိုဘာ ၃၀ ရက် နောက် ဆုံးထားတင်ပြရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်တင် ဘာ ၇ ရက်တွင်ပြောသည်။

‘‘အရင်က EOI ခေါ်ထား တာ။ အဲဒါက စိတ်ဝင်စားတဲ့သူ တင်လို့ရတယ်။ Proposalမဟုတ် ဘူူး။ ကျွန်တော်ဘာလုပ်မယ်ဆို တာကြေညာတာ။ အခုမှ အရည်အချင်းတကယ်စစ်မယ်။ တင်ပြ လာရင် ကုမ္ပဏီရဲ့ ငွေကြေး တောင့်တင်းမှု၊ အတွေ့အကြုံ တွေကို ဒီတစ်ခါတင်ပြလာရင် တော့ စစ်ပြီပေါ့’’ ဟု လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက ပြောသည်။

              ကုမ္ပဏီများက တင်ပြရမည့် ကဏ္ဍသည် ဒီဇိုင်းကဏ္ဍ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာကဏ္ဍ၊ ငွေ ကြေးပိုင်းဆိုင်ရာ ဘဏ္ဍာရေး ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းမှုကဏ္ဍတို့ပါဝင်သည်။

              လျှောက်ထားသည့်ကုမ္ပဏီ များသည် ဝန်ကြီးဌာနသို့ဒေါ်လာ ၁,၅၀၀ ကို RFQ ကြေးပေးသွင်း၍ လျှောက်ထားနိုင်ပြီး အရည်အ ချင်းပြည့်မီသော တင်ဒါအောင် မြင်သူများကိုသာ နောက်တစ်ဆင့်ဖြစ်သည့် စီမံကိန်းအဆိုပြုလွှာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။မိုးပျံအမြန်လမ်းမကြီးကို ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ် ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန် နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ လွယ်ကူစွာ ချိတ်ဆက် သွားလာနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

              RFQ အတွက် တင်ပြသည့် အချက်အလက်များကို ဝန်ကြီးဌာနက မည်သည့်အချိန်၊ မည် သည့်အကြောင်းပြချက်ဖြင့်မဆို ပြင်ဆင်နိုင်မည်ဖြစ်ပြီး ကြိုတင် အရည်အချင်းစစ်လျှောက်လွှာ များကို ငြင်းပယ်ခွင့်လည်းရှိသည် ဟု ဆိုသည်။

            ရန်ကုန်မိုးပျံလမ်းမကြီး စီမံကိန်းတည်ဆောက်ရန် မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ကုမ္ပဏီ ၅၃ ခုက ပြီးခဲ့သည့်ဇွန်လ၌ စိတ်ဝင် စားကြောင်း လျှောက်လွှာတင်ခဲ့ သည်။ ပြည်တွင်းကုမ္ပဏီ ၁၆ ခု၊ တရုတ်ကုမ္ပဏီ ၁၃ ခု၊ ဂျပန် ကုမ္ပဏီခုနစ်ခု၊ ကိုရီးယားကုမ္ပဏီ လေးခု၊ အိန္ဒိယ ကုမ္ပဏီသုံးခု၊ ထိုင်းကုမ္ပဏီနှစ်ခု၊တူရကီကုမ္ပဏီ နှစ်ခု၊ မြန်မာ-မလေးရှားကုမ္ပဏီ တစ်ခုနှင့် ပြင်သစ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက် နမ်ကုမ္ပဏီတစ်ခုစီတို့ လာရောက် လျှောက်ထားသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

             ယခုနှစ် နောက်ဆုံးသုံးလပတ်အတွင်း စီမံကိန်းအဆိုပြုလွှာ ကို ခေါ်ယူမည်ဖြစ်ကာ ကုမ္ပဏီ များကို ရွေးချယ်ရာတွင် ကမ္ဘာ့ဘဏ်အောက်ရှိ IFC ကရွေးချယ်မည်ဖြစ်သည်။ရန်ကုန်မြို့ယာဉ်ကြောကျပ် တည်းမှုလျှော့ချနိုင်ရန်၊ ရန်ကုန်မြို့ပြဧရိယာအတွင်း စက်မှု လုပ်ငန်းများတိုးတက်ရန်နှင့် လူနေမှုအဆင့်အတန်းပိုမိုမြင့်မား လာစေရန် ရန်ကုန်မိုးပျံလမ်းမကြီး စီမံကိန်းကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။

Source:7day Daily

Local Read 49 times