EMERALD BAY PROJECT


07 December, 2020

စင်ကာပူကုမ္ပဏီနဲ့ ပူးပေါင်းပြီး သာကေတမြို့နယ်မှာ တည်ဆောက်မည့် Emerald Bay အဆင့်မြင့်စီမံကိန်းကို ၂ဝ၁၉ ခုနှစ်အတွင်းတွင် ဆောက်လုပ်သွားမည်လို့ သိရပါတယ်။

တည်နေရာ
*****

        ယင်းစီမံကိန်းကို သာကေတမြို့နယ်ရှုခင်းသာမြို့ပတ်လမ်းမကြီးတွင် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြစ်၊ပဲခူးမြစ် နှင့် ပုဇွန်တောင်ချောင်း၊မြစ်ချောင်းသုံးနေရာဆုံနေရာတစ်ခုတည်းသော ပရောဂျက်ကြီးတစ်ခုဖြစ်ပါသည်။

ထိုအိမ်ရာစီမံကိန်းကို မြေဧက ၇ဝ ခန့် တွင်တည်ဆောက်မည်ဖြစ်ပြီး နှစ် ၆ဝ ဂရန်မြေအမျိုးအစားဖြစ်ပါတယ်။

စီမံကိန်း ပထမအဆင့်အနေနှင့် ၃၂ ထပ်အမြင့်ရှိအခန်းပေါင်း ၁ဝဝဝ နီးပါးပါဝင်တဲ့ အဆောက်အဦး ၅ လုံးကို ပထမဆုံးတည်ဆောက်မှာဖြစ်ပြီးတော့ ကျန် အပိုင်းတွေကို ငါးနှစ်အတွင်း အပြီးတည်ဆောက်ဖို့ ရည်မှန်းထားကြောင်း သိရသည်။

စီမံကိန်းတစ်ခုလုံးမှာဆိုရင် ၃၂ ထပ်အမြင့်ရှိတဲ့ ကွန်ဒိုစုစုပေါင်း အလုံး ၄ဝ ကျော်ပါဝင်ပြီး အခန်းအကျယ်တွေမှာ ၄၃ဝ စတုရန်းပေမှ ၁၃၁၇ စတုရန်းပေ ကျယ်ဝန်းကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု
*****

        ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်။စင်ကာပူမှ Golden Paragon နှင့် မြန်မာပြည်က တက်လမ်းကုမ္ပဏီတို့ပူးပေါင်းပြီး Yangon Golden Paragon ကို ၂ဝ၁၈ သြဂုတ်လ ၁၃ ရက်နေ့တွင် မှတ်ပုံတင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၇ဝ ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်သည့်အချိန် ဖြစ်သောကြောင့် နိုင်ငံတကာ မှ စိတ်ဝင်စားပြီး ပြည်တွင်းကုမ္ပဏီနှင့် လာရောက်ပြီးပူးပေါင်းတည်ဆောက်ထားပါတယ် ဟု သိရသည်။

Facility များ
******
        နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ဈေးဝယ်စင်တာ၊ရုပ်ရှင်ရုံ၊နိုင်ငံတကာမူကြိုကျောင်း၊အားကစားလေ့ကျင့်ခန်း၊ကလေးကစားကွင်း၊Central Club နှင့် ရေကူးကန်၊မြစ်ကန်နံဘေးခြံကြီး၊စတုရန်းပေ ၁၆ဝ,ဝဝဝ ကျော်ကျယ်ဝန်းသည့် ပန်းဥယျာဉ် တို့ ပါဝင်မည်ဖြစ်သည်။

Security အနေဖြင့်
**********

        စီမံကိန်းတွင် လက်ဗွေစနစ်ပါဝင်သော တံခါးစနစ်များ၊စာပို့စာယူစနစ်၊တိုက်ရိုက်သောက်သုံးနိုင်သည့် ရေသန့်စင်စနစ်၊အဆင့်မြင့်နည်းပညာသုံးမော်တော်ယာဉ် ခွဲခြားသိမြင်နိုင်တဲ့စနစ်၊အဆင့်မြင့် လုံခြုံရေးဂိတ်စနစ်၊cloud နည်းပညာသုံးစောင့်ကြည့်ရေးစနစ်၊cloud ဗွီဒီယိုအင်တာနက်စနစ်၊လျှပ်စစ်ဆင်ဆာစနစ်၊အသုံးပြုထားတဲ့နံရံများ၊၂၄ နာရီအဆင့်မြင့်စောင့်ကြည့်စနစ်တွေပါဝင်မည်ဖြစ်သည်။

        စီမံကိန်းအခန်းနမူနာပါဝင်သည့် ပြခန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီခွင့်ပြုချက်နှင့် တည်ဆောက်ပြီးစီး တော့မှာဖြစ်ပြီး အခန်းနမူနာအရောင်းပြခန်းကို ရန်ကုန်မြို့ပြည်လမ်းနှင့် စီမံကိန်းနေရာကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ပြသရန်စီစဉ်ထားကြောင်းသိရသည်။

Local Read 97 times