အိုးအိမ်နေထိုင်မှုအခက်အခဲရှိသည့် ဝန်ထမ်းများ လပေးနေထိုင်ခွင့်ရရေး မျှော်လင့်နေ


27 October, 2020

နိုင်ငံ့ဝန်ထမ်းများ တာဝန်ကျကာလအတွင်း နေထိုင်မှုအခက်အခဲများအဆင်ပြေစေရန် ကသာမြို့နယ် ပတ္တမြားရပ်ကွက်အတွင်း ယခင်သုသာန်ဟောင်းနေရာတွင် RC လေးထပ်အဆောက်အအုံများတည်ဆောက်ကာ နေထိုင်မှုအခက်အခဲရှိသော ဝန်ထမ်းများအားအငှားချထားပေးမည်ကို မျှော်လင့်နေကြကြောင်းသိရသည်။

ကသာမြို့ကို တာဝန်အရ ပြောင်းရွေ့ရောက်ရှိလာရာတွင် အိမ်ရာမရှိ၍ အိမ်ရှာငှားရသည်ဟု သိရသည်။

ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကာလတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနက အရာထမ်းအိမ်ရာ လေးခန်းတွဲလေးထပ်တစ်လုံး အခန်းပေါင်း ၁၆ ခန်းငွေကျပ်သန်း ၃၀၀၊ Design Excel ကုမ္ပဏီမှာ အမှုထမ်းအိမ်ရာ လေးခန်းတွဲလေးထပ်သုံးလုံး အခန်းပေါင်း ၆၄ ခန်း၊ Zillion Prise ကုမ္ပဏီမှ ငွေကျပ် ၂၆၇ ဒသမ ၃၅ သန်း၊ K&E ကုမ္ပဏီကငွေကျပ် ၂၆၇ ဒသမ ၃၅ သန်း၊ Yoma Link ကုမ္ပဏီကငွေကျပ် ၂၆၇ ဒသမ ၃၅ သန်းတန်ဖိုးရှိအဆောက်အအုံများကို တည်ဆောက်ပေးထားကြောင်းသိရသည်။

ထိုသို့တည်ဆောက်ပေးထားကာ အမှန်တကယ်နေစရာ အခက်အခဲရှိသော အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၄၈ ဦးကို နေရာချထားနိုင်ရေး၊ လမ်းခင်းထားခြင်းနှင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး 315 KVAT/R,D/S တပ်ဆင်ခြင်း၊ 11KV Line တည်ဆောက်ခြင်း၊ 400 VOLT Line တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ရေရှည်သုံးစွဲနိုင်ရေးပြုလုပ်ပြီးစီးပါက နေထိုင်မှုအဆင်ပြေစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝန်ထမ်းအိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးရေးအဆောက်အအုံမှာ စကေး ၁၆ လက်မ ၁ မိုင်ဖြင့် အမှတ် ၂၇ ပတ္တမြားရပ်ကွက်တွင် ဝင်ငွေ၊ထွက်ငွေ အခက်အခဲရှိသည့် အရာထမ်း၊ အမှုထမ်းများကိုချိတ်ဆက်၍ နေရာပြောင်းရွှေ့၊ တာဝန်မပြောင်းချိန်ထိ နေထိုင်ခွင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Myanmar alin

Public Housing Read 144 times