မင်္ဂလာဈေးသစ်ပြန်လည်တည်ဆောက်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထား


14 November, 2020

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မီးလောင်ပျက်စီးခဲ့သည့် မင်္ဂလာစျေးသစ်ပြန်လည်တည်ဆောက်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း

အဆောက်အအုံနှင့် ကုန်ရုံဌာန၊ဌာနမှူး မှ ပြောကြားခဲ့ကြောင်း သိရသည်။

လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားပြီး ထိုစျေးကို ပြန်လည်တည်ဆောက်ရာတွင် ၎င်းတို့လုပ်ချင်သော အကြံဉာဏ်များကို အသေးစိတ်ရေးပြီး တင်ပြရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

မင်္ဂလာစျေးသစ်ပြန်လည် တည်ဆောက်ရန် လုပ်ငန်းရှင်များ၏အကြံပြုချက်များကို ယခုလ ၉ရက်မှ ဒီဇင်ဘာလအထိ နောက်ဆုံးထားပေးပို့နိုင်ပြီး ပေးပို့ထားသည့်

အကြံပြုချက်များထဲမှ စည်ပင်သာယာရေးကော်မတီ နှစ်သက်သော အကြုံချက်ရေးဆွဲထားသည့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းလုပ်ဆောင်သွားရန်ရှိကြောင်း စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရသည်။

***သင်စိတ်ဝင်စားနိုင်သော တနင်္သာရီတိုင်းဒေသကြီးအတွင်း အဆောက်အဦ (၂၁)လုံးဆောက်လုပ်ရန်တင်ဒါခေါ်ယူ***

မင်္ဂလာစျေးသစ်ပြန်လည် တည်ဆောက်ရာတွင် ယခင်ကကဲ့သို့မဖြစ်ရန်လိုအပ်ပြီး အရင်စျေးဟောင်းရှိအဆောက်အအုံတွင် မီးလောင်မှုနဲ့ပတ်သက်သော ကာကွယ်ရန်

မည်သည့်စနစ်မှ မပါဝင်ကြောင်း၊ယခုစျေးသစ်ပြန်လည် တည်ဆောက်ရာတွင်ခေတ်မီသော နည်းစနစ်များပါဝင်စေချင်ကြောင်းကို ယခင်စျေးဟောင်းတွင်အထည်ဆိုင်ဖွင့်ခဲ့သည့် အထည်ဆိုင်ရှင်တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

မင်္ဂလာစျေးအဆောက်အအုံဟောင်းသည် ယခင်နှစ် မတ်၂၂ ရက်က အချိန်ငါးနာရီးနီးပါးကြာ မီးလောင်ခဲ့ပြီး ထိုမီးလောင်မှုနှင့် ပတ်သက်၍မီးပေါ့ဆမှုဖြင့် အမှုဖွင့် ထားသော်လည်း

ယနေ့ထိ မီးလောင်ကျွမ်းရသည့် အကြောင်း ရင်း ကို မသိရသေးကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမင်္ဂလာစျေး မီးလောင်မှုတွင် ရုံးခန်း၊စျေးဆိုင်ခန်း၊လူနေတိုက်ခန်းအပါအဝင် အခန်းပေါင်း ၃၂၁ခန်းနှင့် ပျံကျစျေးဆိုင်ခန်း ၄၃ခန်းပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့်အဆောက်အအုံတန်ဖိုးငွေကျပ် သိန်း ၅,၅၄၇ ကျော်နှင့် ပစ္စည်းတန်ဖိုးငွေကျပ်သိန်း ၅,ဝဝဝကျော်စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၁ဝ,၅၄၆ ကျော်ရှိခဲ့ကြောင်း

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားကြောင်းသိရသည်။

Source:Myanmar Time

Local Read 32 times