တန်ဖိုးနည်းတိုက်ခန်းများဝယ်ယူပါက အခွန်အခများကင်းလွှတ်ခွင့်ပြုရန် အစိုးရစီစဉ်


27 October, 2020

တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူပါက ဝယ်သူက ပေးဆောင်ရသော အခွန်အခများကို ကင်းလွတ်ခွင့်ပြုရန် အစိုးရက စီစဉ်နေကြောင်းသိရသည်။

တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူသူများအတွက် အဆိုပါ အခွန်ကင်းလွတ်ခွင့်ပေးခြင်းကို
မည်သည့်အချိန်တွင် စတင်အကျိုးသက်ရောက်မည်ကို ယခုအချိန်တွင် တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။

အကျယ်အဝန်း စတုရန်းပေ ၆၀၀ ထက်မကျော်လွန်သော အိမ်ရာများကို တန်ဖိုးနည်းအိမ်ရာဟု သတ်မှတ်မည်ဖြစ်ပြီး အိမ်ရာများကို တစ်စတုရန်းပေလျှင် ကျပ်ငွေ ၂၃,၀၀၀ ခန့်ဖြင့် ရောင်းချနီုင်ကြောင်းသိရသည်။

တန်ဖိုးနည်းတိုက်ခန်းတစ်ခန်းလျှင် ကျပ်ငွေသိန်း ၁၅၀ အောက်လျော့နည်းမည်ဖြစ်ကာ စတုရန်းပေ ၅၀၀ ခန့်ရှိပါက တိုက်ခန်းတစ်ခန်းလျှင် ကျပ်ငွေသိန်း ၁၂၀ ခန့်ရှိမည်ဖြစ်သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း အိမ်ရာဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်းအဖြစ် အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်းခန့် တည်ဆောက်သွားမည်ဟုသိရသည်။

ပထမ နှစ်နှစ်အတွင်း တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ခန့်ရှိသော တန်ဖိုးနည်းတိုက်ခန်းအခန်းပေါင်း ၈,၀၀၀ ကျော်ကို စတင်တည်ဆောက်ရောင်းချမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း တန်ဖိုးနည်းတိုက်ခန်း ၂,၂၀၀ ကို အရစ်ကျရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

မိသားစု လူဦးရေ မများသော အခြေခံလူတန်းစားများအတွက် ဈေးနှုန်းသက်သာစွာဖြင့်
အိမ်ပိုင်ဝယ်ယူနိုင်စေရန် စတုရန်းပေ ၃ဝဝ ခန့်ရှိသော တိုက်ခန်းများကို သိန်း ၆ဝ ခန့်ဖြင့် ရောင်းချနိုင်ရန် တင်ပြထားကြောင်း သိရသည်။

တန်ဖိုးမြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်အိမ်ရာများ ဝယ်ယူရာတွင် အိမ်ရာတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းခန့်အထိ အခွန်ပေးဆောင်နေရကြောင်းလဲသိရသည်။

Source:imyanmarhouse

Laws and Regulations Read 74 times