ရန်ကုန်မြို့ရှိဆင်ခြေဖုံးရပ်ကွက်များတွင် ငွေကျပ်သိန်း ၉၀ ဖြင့်အာရ်စီအမျိုးအစားအိမ်တစ်လုံးအပြီးအစီး ဆောက်လုပ်ပေးသည့် ဝန်ဆောင်မှုတွင်ကျယ်လာကြောင်း အိမ်ရာတည်ဆောက်ပေးရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ငန်းရှင်များထံမှသိရသည်။
ယင်းအိမ်ကိုတစ်ပေပတ်လည်လျှင်ငွေကျပ် ၁၅၅၀၀ သတ်မှတ်၍ တွက်ချက်ပြီးခြံပိုင်ရှင်၏မြေနေရာအကျယ် အဝန်းပေါ်မူတည်၍ဆောက်လုပ်ပေးနေခြင်းဖြစ်ကာတည်ဆောက်ရာတွင် ဖောင်ဒေးရှင်းသုံးပေခွဲတူးကာအပေါ်မှ အုတ်ရိုးစီကျောက်လောင်း၍ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ယင်းလုံးချင်းအိမ်ခေါင်မိုးကိုလည်း GI ဖြင့်မိုးပေး၍အချောသပ်လုပ်ငန်းအနေဖြင့်ရေဆေးသုတ်ပေးခြင်း၊ အခန်းဖွဲ့ပေးခြင်းများလည်းပါဝင်ကြောင်းသိရသည်။
ထို့ပြင်အိမ်သာ၊ ရေချိုးခန်း၊ မီးကြိုးများသွယ်တန်းပေးခြင်း၊ ရေတိုင်ကီ၊ ဘေစင်၊ မျက်နှာကြက်များကိုပါထည့်သွင်းပေးခြင်းကြောင့် တန်ဖိုးနည်းအိမ်ဖြစ်သော်လည်း အဆင့်တန်းမြင့်စွာတည်ဆောက်ပေးခြင်းဖြစ်သည်။
လက်ရှိတွင်မြေနေရာရှိသူများသည်နိုင်ငံတော်အစိုးရမှရောင်းချပေးနေသော တန်ဖိုးနည်းအိမ်ရာများထက် တန်ဖိုးနည်းအိမ်ရာများထက် တန်ဖိုးနည်းလုံးချင်းတိုက်များတည်ဆောက်မှုကိုစိတ်ဝင်စားကြကြောင်း၊ မြို့တွင်းတိုက်ခန်းများအားပြန်လည်ရောင်းချ၍ ဆင်ခြေဖုံးရပ်ကွက်များတွင် ပြန်လည်ဝယ်ယူနေထိုင်မှု များပြားလာကြောင်းသိရသည်။
ယင်းတန်ဖိုးနည်းအိမ်ရာများတွင် အဆင့်မြင့်စွာတည်ဆောက်လိုပါကတစ်ပေပတ်လည်လျှင် ငွေကျပ် ၂၂၀၀၀ နှင့် ဆောက်လုပ်ပေးမည်ဖြစ်ပြီးငွေကြေးမတတ်နိုင်ပါကအရစ်ကျစနစ်ဖြင့် တည်ဆောက်ပေးမည်ဖြစ်ကြောင်းသိရသည်။
Myawaddy newspaper