စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ နယ်မှ တက်လာပြီးအသက်မွေဝမ်းကြောင်းရှာဖွေသူများ အခြေချ နေထိုင်မှုများနဲ့ တစ်စတစ်စတိုးတက်များပြားလာပြီး မြို့နေလူတန်းစားများလည်းတိုးပွားလာနေတာကြောင့် နေစရာအိမ်များ ပိုမိုလိုအပ်လာလျှက်ရှိနေပါပြီ။
ရန်ကုန်မြို့အတွင်း တည်ဆောက်ပြီး တည်ဆောက်ဆဲ လူနေအဆောက်အအုံ များစွာ ပေါ်ထွန်းလာလျှက် ရှိနေသော်လည်း ထပ်မံလိုအပ်နေဆဲပင်ဖြစ်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့်လည်း ခေတ်မီဆောက်လုပ်ရေးနည်းပညာများအသုံးပြုကာ အဆင့်မြင့် ဘက်စုံသုံး လူနေရပ်ဝန်း အဆောက်အအုံများ (complex) ကို ပိုမိုတိုးတက် ဆောက်လုပ်လာကြပါတယ်။
နေရာတကာမှာလည်းဟိုအဆင့်မြင့်ကွန်ဒိုဒီအဆင့်မြင့်ကွန်ဒိုဆိုပြီးအပြိုင်အဆိုင်သတင်းစာများမှတစ်ဖုံ Billboardများမှ၎င်း ကြော်ညာလာကြပါတယ်။
အဆောက်အအုံတွေမှာ မြေအောက် ကားရပ်နားကွင်း (underground car parking) တွေပါလာတယ်။
ဇိမ်ခံပစ္စည်းများနဲ့ပြီးပြည့်စုံတဲ့ အပြင် ဝန်ဆောင်မှု တွေပါ အပြင်တိုက်ခန်းနေသူတွေ ဝေးဝေးလံလံ သွားစရာမလိုဘဲ ကိုယ့်ပရဝဏ်ထဲတင် ဝယ်ယူနိုင်တဲ့ ခေတ်မီ ပြီးပြည့်စုံ ဈေးဝယ် စင်တာကြီး (shopping centre) တွေလည်း ထည့်သွင်းတည်ဆောက်လာကြတယ်။
မိသားစုတွေ အပန်းဖြေဖို့ ပန်းခြံဥယျာဉ် ပန်းမန်ဝင်းကြီး (garden) တွေ ၊ရေကူးကန် (swimming pool) တွေ ၊ ကစားကွင်း (playground) တွေ ၊လည်းဖန်တီးထည့်သွင်းလာကြတယ်။ပြီးတော့ စိတ်လက်အပန်းဖြေဖို့အတွက် နှစ်ဖက်သံကြား အသံလုံ (duplex) စနစ် ရုပ်ရှင်ရုံကြီးတွေလည်း ထည့်သွင်းတည်ဆောက်လာကြပါတယ်။
ဒါ့အပြင် ကျန်းမာရေး အတွက် မိုးလုံလေလုံ အားကစားရုံ (stadium)၊ ကျန်းမာရေးလေ့ကျင့်ရုံ (gym) တွေလည်း ထည့်သွင်းတည်ဆောက်လာကြတယ်။
လျှိ့ဝှက်ဆန်းပြားတဲ့ လုံခြုံရေးအစီအမံတွေ၊ သန့်ရှင်းသပ်ရပ် စနစ်ကျတဲ့ အမှိုက်စွန့်ပစ်စနစ်တွေ ၊ စောင့်ကြည့် ကင်မရာ (cctv) တွေ ၊ မီးလှန့်အချက်ပေး ကိရိယာ (fire alarm) တွေ ။ အလိုအလျောက်မီးငြိမ်းသတ်ကိရိယာ (sprinkler) တွေ တပ်ဆင်ပေးလာကြပါတယ်။
ထိုကဲ့သို့အဆောင်အယောင်များပါဝင်သောစီမံကိန်းများဖြစ်သည့်68 Residence, Golden City, Junction City, The Lake Suites တို့မှာလည်းတည်ဆောက်လျှက်ရှိပြီး၂၀၁၆ခုနှစ်နှင့်၂၀၁၉ခုနှစ်ကြားတွင် ပြီးဆုံးမည်ဟုအသီးသီး ကြေညာထားကြပါသည်။
စစ်တမ်းတစ်ခုအရအထက်ပါအဆင့်မြင့်စီမံကိန်းပေါင်း၅၀ထက်မနည်းရန်ကုန်တွင် ဆောက်လုပ်လျှက်ရှိပြီးထိုစီမံကိန်းများပြီးသွား၍လာမည့်၅နှစ်တွင်ဖြစ်လာမည့်ဖြစ်သောရန်ကုန်မှာစိတ်ဝင်စားစရာ ကောင်းလှပါသည်။
ဤကဲ့သို့အဆင့်မြင့်အဆောင်အယောင်များပါသည့်စီမံကိန်းများကိုရန်ကုန်တွင်သာမဟုတ်ပြီးကျန်သည့်ဒေသကြီးများတွင်လည်းစတင်တည်ဆောက်လာပါပြီ။
မန္တလေး တွင်တည်ဆောက်နေသည့်Mingalar Mandalay စီမံကိန်းတွင်လည်းswimming pook, gym, spa စသည်ဖြင့် facilities အပြည့်အစုံပါဝင်သောအထပ်မြင့်လူနေကွန်ဒိုများ၊ရုံးခန်းအဆောက်အအုံများပါရှိမည်ဖြစ် ပြီး၂၀၁၉ခုနှစ်တွင် ပြီးမည်ဟုဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်ဆိုလည်း ပြည်ဖြိုးထွန်းနှင့် Hong Kong Future Group မှတည်ဆောက်မည့်မှတည်ဆောက်မည့်အမေရိကန် ဒေါ်လာသန်း၁၅၀ကုန်ကျမည့် Sea View Condo တွင် Swimming pool, gym, supermarket, hotel, shopping centre စသည်ဖြင့်ပါရှိမည်ဖြစ်ပြီးမြေ၂၈ဧကတွင်အထပ်၃၀အမြင့်တိုက်၁၀လုံးဖြင့် မြို့ကြီးသဖွယ်၂၀၂၀ခုနှစ်တွင်အပြီးတည်ဆောက်သွားမည်ဖြစ်သည်။