သတိထားသင့်သည့် စာရွက်စာတမ်းအတုများ


16 November, 2020

နည်းပညာမြင့်မားလာခြင်းနှင့်အတူပိုင်ဆိုင်မှုဆိုင်ရာစာရွက်စာတမ်းအတုများအားအစစ်နီးပါးခွဲခြားမရစေရန် ပြုလုပ်လာကြသည့်အပြင် အိမ်ခြံမြေအရောင်းအဝယ်အေးနေသည့် ယခုလိုအချိန်မျိုးတွင် ဝယ်ရောင်းများ၊မြေကွက်ပိုင်ရှင်များက ၎င်းတို့၏ပိုင်ဆိုင်မှုများကို

ငွေလှည့်သုံးသည့်ဖြစ်ရပ်များစျေးကွက်အတွင်းအများအပြားတွေ့မြင်နေရသည့်အတွက် အရောင်းအဝယ်များပြုလုပ်ရာတွင် ပိုင်ဆိုင်မှုမှန်၊မမှန်နှင့်အရှုပ်အရှင်းရှိ မရှိကို ဦးစွာစိစစ်ပြီးမှ ဝယ်ယူသင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတာဝန်ရှိသူများမှ ပြောကြားကြောင်း သိရသည်။

တချို့မြေကွက်များသည် ဂရန်နှစ်ခု၊သုံးခုရှိနေပြီး မြေချပါမစ်များ၊စလစ်များလည်း မြေကွက်တစ်ခုအတွက်ငါးစောင်၊ခြောက်စောင်ခန့် တွေ့ဖူးကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)အထွေထွေအတွင်းရေးမှူးမှ ပြောကြားကြောင်း သိရသည်။

အိမ်ခြံမြေစျေးကွက်အတွင်း မြေကွက်များကိုစလစ်၊မြေငှားစာချုပ်(ဂရန်)နှင့်မြေချပါမစ်များဖြင့်အရောင်းအဝယ်ပြုလုပ်နေကြခြင်းကြောင့်ဝယ်သူအများစုသည် စာရွက်စာတမ်းအထောက်အထားများမှန် မမှန်ကို စိစစ်ဝယ်ယူမှုအားနည်းသည့်အတွက်မသမာသူများ၊မြေရှင်အချို့နှင့်

ဝယ်ရောင်းအချို့မှ ယင်းအားနည်းချက်အား အခွင့်ကောင်းယူကာ မြေကွက်တစ်ကွက်ကို ဝယ်ယူသူနှစ်ဦး သို့မဟုတ်ထို့ထက်ပို၍ ရောင်းချခဲ့သည့် ဖြစ်စဉ်များကြောင့် တရားရုံးများတွင်မြေကွက်များကို လက်ရောက်ရရှိလိုမှုဖြင့် ဦးတိုက်လျှောက်ထားမှုများ

အများအပြားတွေ့မြင်လာရသည့်အတွက်လိမ်လည်ရောင်းချမှုများအား အမှုဖွင့်ကာ တရားစွဲဆိုခဲ့ရသည့် ဖြစ်စဉ်များကိုလည်း တွေ့မြင်လာရကြောင်း အိမ်ခြံမြေအကျိုးဆောင်မှ ပြောကြားကြောင်း သိရသည်။

တချို့စာရွက်စာတမ်းများသည် အတုနှင့်အစစ်ခွဲခြားရန်ခက်ပြီး မြေပိုင်ဆိုင်မှုမှန်မမှန် ကိုသွားစစ်ပြီးမှ ငွေချေလျှင် ဒီပြဿနာမဖြစ်နိုင်ကြောင်းသိရသည်။

မြို့ကွက်အသစ်များဖော်ထုတ်ပြီး အများပြည်သူကို မြေနေရာများချပေးရာတွင် အိုးအိမ်ဦးစီးဌာနမှ မိသားစုုဓာတ်ပုံပါမြေချပါမစ်များဖြင့် ချထားပေးခဲ့ပြီးပါမစ်စည်းကမ်းများအရ ထိုမြေချပါမစ်များကို

တရားဝင်ပြန်လည်ရောင်းချခွင့်မရှိပဲယင်းမြေကွက်အတွင်း နေအိမ်ဆောက်လုပ်ရန်အတွက်သာ အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးထားခြင်းဖြစ်ပြီး စျေးကွက်အတွင်း မြေချပါမစ်များကို အရပ်စာချုပ်များဖြင့်ချုပ်ဆိုအရောင်းအဝယ်ပြုလုပ်လာနေခြင်းများသည်လည်း

တရားဝင်မှုမရှိသည့်အပြင်အိုးအိမ်ဦးစီးဌာနက ထုတ်ပေးသည့်မြေကွက်များအမည်ပေါက်မှန် မမှန်ကိုလည်း စိစစ်ပေးလျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူများမှ ပြောကြားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိအဆောက်အအုံများ၊မြေကွက်များ၊မြို့သစ်များရှိပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားများကို ၁၉၉၆ခုနှစ်မှ စ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံလွှဲပြောင်းခဲ့ပြီးဖြစ်သော်လည်း အချို့သော အိမ်ရာစီမံကိန်းများနှင့် စက်မှုဇုန်များကို အိုးအိမ်ဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိပြီး လွှဲပြောင်းနေဆဲကာလဖြစ်ကြောင်း သိရသည်။

ထို့ပြင်ဝယ်ယူမည့်မြေကွက်များ၏ ပိုင်ဆိုင်မှုအထောက်အထားမှန် မမှန်ကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြေရာဌာနတွင်စိစစ်နိုင်ပြီး အချိန်တစ်ပတ်ခန့်အတွင်း ပြန်လည်အကြောင်းကြားပေးလျက်ရှိကြောင်း သိရသည်။မြေရာနှင့်

အိမ်ပိုင်ဆိုင်မှုဆိုင်ရာစာချုပ်စာတမ်းများကိုအတုပြုလုပ်ခြင်းများ များပြားလာသည့်အတွက် ထိုပိုင်ဆိုင်မှုစာချုပ်များကို အပေါင်အဖြစ်ထားကာ ငွေကြေးထုတ်ချေးပေးသော ဘဏ်များမှာလည်း စာချုပ်အတုများဖြင့် ငွေကြေးချေးငှားပြီး အလိမ်ခံရမည်ကို စိုးရိမ်ပူပန်လာရကြောင်းဘဏ်လုပ်ငန်းရှင်များမှ ပြောကြားကြောင်းသိရသည်။

ဘဏ်မှ အိမ်မြေများ၏ဂရန်အား အပေါင်အနေနှင့်ထားပြီး ပိုက်ဆံချေးပေးမည်ဆိုလျှင် ထိုဂရန်အတု၊အစစ်ခွဲခြားသိရန် ဘဏ်မှ ရှေ့နေ့ကိုထပ်ငှား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်

သွားစစ်ဆေးသည်။ရှေ့နေငှားခနှင့် စည်ပင်မှ စစ်ဆေးခအား ဘဏ်မှ အကုန်ခံရပြီး ထိုသို့မစစ်ဆေးပါက စာချုပ်အတုများကိုသာ အပေါင်ခံမိလျှင်ဘဏ်မှ ရှုံးမည်ဖြစ်ကြောင်းသိရသည်။

Source:imyanmar House

Tips Read 222 times