မြန်မာနိုင်ငံရှိ နာမည်ကြီးတံတားများ


23 November, 2020

မြန်မာနိုင်ငံတွင် တံတားများစွာ ရှိသည့်အထဲမှ ရှေးကျ၍ ယခု ချိန်ထိ အသုံးပြုလျက်ရှိသော တံတား များအား စုစည်းဖော်ပြပေးလိုက်ပါသည်။

ယင်းတံတားတို့မှာ

၁။ဂုတ်ထိပ်တံတား

ဂုတ်ထိပ်တံတားကတော့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါကျော်ကြားတဲ့ တံတားကြီးပါ။ (၁၈၉၉)ခုနှစ်၌ တည်ဆောက်ခဲ့ပြီး ပြီးစီးတဲ့အချိန်က (၁၉ဝဝ) ခုနှစ်မှာပါ။(၁၉ဝ၃) ခုနှစ်ရောက်မှတံတားကြီးကို စတင်အသုံးပြုသည်။

ထိုကြောင့် (၁၈၉၉) ခုနစ်တွင် မြန်မာ့ မီးရထား ကုမ္ပဏီက ဂုတ်ထိပ် တံတားကြီးဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယားနှင့်မေရီလမ်း စတီး ကုမ္ပဏီတို့ကိုငှားရမ်းခဲ့ပေမဲ့

တံတားကြီး ဦးစီး တည်ဆောက်သူမှာမြန်မာ့ မီးရထားဌာနမှ Arthur Rendel နှင့်ဗြိတိသျှ အင်ဂျင်နီယာ များဖြစ်ကြသည်။ ကုန်ကျမှုစရိတ် ငွေကျပ်(၁၆၉၈၂ဝဝ) ဖြစသည်။ကမ္ဘာပေါ်တွင်

အမြင့်အားဖြင့် ဒုတိယဖြစ်သော တံတားအဖြစ်ကျော်ကြားသည်။

 

၂။ဧရာဝတီတံတား (ပခုက္ကူ)

တံတားကတော့ ဧရာဝတီမြစ်ကိုဖြတ်တည်ဆောက်ထားပြီး မြန်မာနိုင်ငံမှာ အရှည်ဆုံးဖြစ်ပါတယ်။ ကားလမ်း၊ ရထားလမ်းတွဲဆက်တည်ဆောက်ထားတဲ့တံတားပါ။ စုစုပေါင်းအရှည် ကတော့

ကားလမ်း တံတားအရှည် (၂.၁၆) မိုင်၊ ရထားလမ်း တံတားအရှည် (၃.၉) မိုင် ဖြစ်ပါတယ်။ (၂ဝဝ၉) နှစ်မှာတည်ဆောက်ထားပြီး (၂ဝဝ၁) မှာပြီးစီးခဲ့ပါတယ်။ တံတားကြီးကို Marine Steel 490 Newton/mm2 သံမဏိအမျိုးအစား

အများဆုံး အသုံးပြုခဲ့ပြီး စုစုပေါင်း သံမဏိတန်ချိန် (၂၉၂၆ဝ) တန် အသုံးပြုထားပြီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း နှင့် မြန်မာ့မီးရထားက တာဝန်ယူတည်ဆောက်ပေးထားခြင်းဖြစ်သည်။

 

၃။မြို့ကွင်းတံတား (ဟင်္သာတ)

(၁၉ဝ၅) ခုနှစ်မှာတည်ဆောက်ထားသော သက်တမ်းရှည်တံတားတစ်ဆင်းဖြစ်ပါတယ်။ နှစ်ပေါင်းတရာကျော် သက်တမ်းရှိ မြို့ကွင်းတံတားကတော့ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူမြို့နယ်ကြားမှာရှိသည်။

ရထားသွားလာရန်တည်ဆောက်ထားပေမဲ့ ဒေသရဲ့လိုအပ်ချက်အရ ကား၊ ဆိုင်ကယ်တွေပါဖြတ်သန်းမောင်းနှင်ကြပါတယ်။ သံဘောင်၊ ပျဉ်ခင်းတံတားဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း

စစ်ဒဏ်ခံရတဲ့တံတားတစ်ဆင်းဖြစ်ကြောင်းလည်း သိရသည်။

 

၄။သံလွင်တံတား(မော်လမြိုင်)

လက်ရှိမြန်မာပြည်ရဲ့ ဒုတိယအရှည်ဆုံးတံတားဖြစ်သည်။

သံလွင်မြစ်ကိုဖြတ်သန်းတည်ဆောက်ထားပြီး မော်လမြိုင်မြို့ နှင့် မုတ္တမမြို့၊ မွန်ပြည်နယ် မှာတည်ရှိပါတယ်။ (၂ဝဝဝ)ခုနှစ်မှာတည်ဆောက်ပြီး (၂ဝဝ၅)ခုနှစ်မှာ ပြီးစီးသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ထားတာပါ။ ကားလမ်းအရှည် (၂.၂) မိုင် ရှိပြီး မီးရထားလမ်း စုစုပေါင်းအရှည် (၄.၁) မိုင် ရှိတာပါ။ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

၅။ဦးပိန်

အမရပူရမြို့နယ်၊ မန္တလေးမှာရှိသော ကျွန်းသားတံတားပါ။ တောင်သမန်တံတားလို့လည်းခေါ်သည်။ တံတား အရှည် (၃၉၆၇) ပေ ရှိသည်။ (၁၈၄၉) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လုပ်ငန်းပြီးဆုံးချိန် (၁၈၅၁) ခုနှစ်မှာပြီးခဲ့သည်။

ဦးပိန်တံတားက ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသားတံတားလည်းဖြစ်သည်။ အမရပူရမြို့ဝန် ဦးဘိုင်ဆပ်နဲ့ မြို့စာရေး မောင်ပိန် တို့ဦးဆောင် ဆောက်လုပ်ခဲ့သည်။

 

၆။အင်းဝတံတား

နိုင်ငံရဲ့ သက်တမ်းရင့် တံတားကြီးတစ်ခုဖြစ်သည်။ စစ်ကိုင်းတံတားလို့လည်း လူသိများကြသည်။ရထားလမ်း၊ ကားလမ်းနှစ်လမ်းပါတံတားဖြစ်သည်။ ဧရာဝတီမြစ်ကို ဖြတ်သန်းတည်ဆောက်ထားပြီး

စစ်ကိုင်းမြို့ နှင့် အင်းဝမြို့ဟောင်း ကိုချိတ်ဆက်ထားခြင်းဖြစ်သည်။ (၃၉၄၈) ပေအရှည်ရှိသည်။ စတင်တည်ဆောက်တဲ့ကာလက (၁၉၂၇) ခုနှစ်ဖြစ်ပြီး လုပ်ငန်းပြီးဆုံးချိန် (၁၉၃၄) ခုနှစ်ပါ။

ဗြိတိသျှတို့ တည်ဆောက်ခဲ့သော တံတားဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိတိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။

(၁၉၉၀) ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်သည်။

Local Tips Read 3919 times