(1) GREAT WALL OF CHINA
ဒီGreat wall of China. မဟာရံတံတိုင်းကြီးက 10000လီ(1လီက1/3မိုင်)ရှည်လျားသောတံတိုင်းကြီးဖြစ်တယ်။
ဒီတံတိုင်းကိုတည်ဆောက်ရခြင်းအကြောင်းက တရုတ်အင်ပါယာ၏မြောက်ဘက် နယ်စပ်ကိုရှုန်းနူ(Xiong -Nu)တို့၏တိုက်ခိုက်ရန်မှကာကွယ်ဖို့အတွက်ဖြစ်တယ်။
ဒီတံတိုင်းက မင်မင်းဆက် (Ming Dynasty)လက်ထက်တွင်တည်ဆောက်ခဲ့သောတံတိုင်း၏မြောက်ဘက် တွင်တည်ရှိတယ် အရှေ့ဘက် ဆန်းဟိုင်ကွမ်း (Shan -Hai-Guan)မှ
အနောက်ဖက် လောပ့်နော်(lop Nur)အထိကမိုင်ပေါင်း 4000(ကီလိုမီတာ 6400)ခန့်ရှည်လျားတယ် မွန်ဂိုလီးယားအတွင်းပိုင်း၏ တောင်ဖက်နယ်စပ်တလျှောက်ကို
လခြမ်းပုံသဏ္ဌာန်ရစ်ပတ်ထားပြီး စုစုပေါင်း 4160မိုင်(6700ကီလိုမီတာ)ရှည်လျားတယ်။
ဒီတံတိုင်းတည်ဆောက်မှုစီမံကိန်းလုပ်ငန်းအတွင်းတွင်တရုတ်လူမျိုး 2သန်းမှ3သန်းအထိ သေဆုံးခဲ့သည်ဟုခန့်မှန်းရတယ်။
(2) PETARAမြို့ဟောင်း
ဒီမြို့ဟောင်းဟာဂျော်ဒန်နိူင်ငံတောင်ပိုင်းတွင်တည်ရှိတယ် ဒီမြို့ဟောင်းရဲ့ကို 300bcကစတင်တည်ဆောက်ခဲ့တယ်လို့ယုံကြည်ကြတယ် ။
ဒီမြို့ဟောင်းရဲ့ Nickname ကတော့ Rose City လို့ခေါ်ကြတယ်။အထင်ရှားဆုံးကတော့ ခက်ဇ်နားဘုရားကျောင်းဖြစ်တယ်။
ဒီ ခက်ဇ်နားဘုရားကျောင်းဟာ ကျောက်သားကိုထွင်းထုထားတဲ့ဝတ်ပြုဘုရားကျောင်းဆောင်တစ်ခုဖြစ်တယ် ထူးဆန်းတဲ့ကျောက်တုံးတွေနဲ့ ချည်းဖန်တီးထားတဲ့လက်ရာနဲ့ ပြောင်မြောက်လှတဲ့ ရေပေးဝေမှုစနစ်တွေရှိခဲ့တဲ့နေရာဖြစ်တယ်။
(3)COLOSSEUM OF RHODES
ဒီကိုလိုစီယမ်ဇာတ်ရုံကြီးက အီတလီရောမမြို့ရဲ့အလယ်ခေါင်မှာတည်ရှိတယ် သူ့ကိုFlavianက ဇာတ်ရုံလို့လည်းခေါ်ကြတယ်။
ရောမFlavian မင်းဆက်တည်ဆောက်ခဲ့တယ် Colosseum လို့လဲခေါ်ကြတယ် ဘာကြောင့်လဲဆိုတော့ နီရိုဘုရင်ကြီးရဲ့ကြေးရုပ်တု(Colossus of Nero)အနီးမှာဆောက်ခဲ့တဲ့ဇာတ်ရုံဖြစ်သောကြောင့့်ဖြစ်တယ်။
ဒီဇာတ်ရုံကြီးကိုအေဒီ 72ခုနှစ် ဘုရင် Vespasian လက်ထက်မှာတည်ဆောက်ခဲ့ပြီးသူ့ရဲ့သားTitus လက်ထက် အေဒီ81ခုနှစ်မှာပြီးစီးခဲ့တယ်( 9နှစ်ကြီးများတောင်ကြာရှည်တယ်နော်)ဂျူးလူမျိုးခြောက်သောင်းခန့့်ကိုသုံးခဲ့တယ်ကျောက်တုံးနဲ့ကွန်ကရစ်
ကိုသုံးကာတည်ဆောက်ခဲ့တဲ့ဇာတ်ရုံကြီးဖြစ်ပြီး ဆောက်ခဲ့သမျှရှေးဟောင်းကွန်ကရစ်ဇာတ်ရုံတွေထဲမှာ အကြီးဆုံးဖြစ်ပြီး လူပေါင်း 5သောင်းကနေ8သောင်းခန့်ဆန့်တယ်။
သူ့ရဲ့ပုံစံကဘဲဥပုံသဏ္ဌာန်ဖြစ်ပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကိုအဝိုင်းအဆင့်ဆင့်နဲ့တည်ဆောက်ထားခဲ့တယ်။
ဒါပေမယ့် ငလျှင်ဒဏ်တွေ နောက်ပြီး ကျောက်တုံးများခိုးယူဖျက်စီးမှုကြောင့် ယခုအခါ မှာမူလဇာတ်ရုံရဲ့သုံးပုံနှစ်ပုံသာ ကျန်တော့တယ်။
ယနေ့တိုင်အထင်ရှားဆုံးရှေးဟောင်းကဇာတ်ရုံတစ်ရုံအဖြစ်ရပ်တည်ပြီးယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ထားခံရကာနှစ်စဉ်ကမ္ဘာလှည့့်ခရီးသွားပေါင်းသန်းချီပြီးလာရောက်လေ့လာတဲ့နေရာဖြစ်တယ်။
(4)CHICHEN ITZA
(Yucatan Peninsula ,Mexico)Chichen Hza မြို့တော်ဟာ Mexico နိူင်ငံ Yucatan ၏မြို့တော် Merida ရဲ့အရှေ့ဘက် 75 မိုင်အကွာမှာတည်ရှိတယ်။
မာယာလူမျိုးတွေ တည်ဆောက်ခဲ့တဲ့မြို့တော်ဖြစ်တယ် အကျယ်အဝန်းက 4မိုင်ပတ်လည် ကျယ်ဝန်းပါတယ်။ ဘာလို့ Chichen Itza လို့ခေါ်ရတဲ့အကြောင်းရင်းက Chi ဆိုတာက
ပါးစပ် chen ကရေတွင်း Hza ဆိုတာက အစ်လူမျိုးနွယ်စု လို့အဓိပ္ပါယ်ရပါတယ်။အဓိပ္ပာယ်အပြည့်အစုံကတော့ At the mouth of the well of the Itza ဖြစ်ပါတယ်။
မာယာလုူမျိုးလို့ဆိုတာနဲ့ ဉာဏ်အလွန်ကောင်းပြီး တီထွင်မှုတွေကိုဖန်တီး ခဲ့ပြီး သမိုင်းထဲကပျောက်ခြင်းမလှ ပျောက်သွားတဲ့လူမျိုးစု တစ်စုအဖြစ် အားလုံးသိပြီးဖြစ်မှာပါ။
အရင်တုန်းကတင်ဆက်တဲ့အစီစဉ်တွေမှာလဲပြောပြခဲ့ဖူးပါတယ် အေဒီ 10 ရာစုခန့်မှာ Tohec လူမျိုးတွေရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး အေဒီ 13 ရာစုမှာတော့ မာယာလူမျိုးတွေဟာ ဒီမြို့ကိုအပြီးတိုင်စွန့်ခွာခဲ့ကြတယ်။
ကျုးကျော်တဲ့ သူတွေဟာ မာယာဘုန်းကြီးကိုမသတ်ခဲ့ရင် စာအုပ်ကိုမီးမရှို့ခဲ့ရင် မာယာတွေရဲ့ သမိုင်းအထောက်အထားတွေဒီထက်အများကြီးပိုသိရမှာပါ ဒီအဆောက်အဦးအားလုံးကို ကျောက်တုံးတွေနဲ့တည်ဆောက် ထားပါတယ်။
ထူးခြားတာကတော့ သူတို့ရဲ့ဘုရားကျောင်းတွေပိရမစ် တွေနဲ့ အဆောက်အဦး တွေဆောက်လုပ် တဲ့နေရာမှာ ကျောက်တုံး တွေသယ်ဖို့အတွက် ဘီးတွေကို အသုံးမပြုခဲ့ပါဘူး။
အဆောက်အဦးတွေဖျက်စီးခံရပြီးနောက် ကျန်ခဲ့တဲ့အထဲမှာ ကျော်ကြားတဲ့အဆောက်အဦးကတော့The Wamor’s Temple ,El Castillo နဲ့ The Great Ball Court တို့ဖြစ်ပါတယ်။
1988 မှာ Chichen Hza ဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရတဲ့အပြင် ကမ္ဘာသစ်ရဲ့ အကြီးဆုံးအံ့သြဖွယ်ရာနေရာမှာလဲထည့်သွင်းခြင်း ခံခဲ့ရတယ်။
နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း 1.4သန်း ခန့်လာရောက် လည်ပတ်တဲ့နေရာလဲဖြစ်တယ်။
(5)TAJ MAHAL
တပ်ချ်မဟာရ်သည် အိန္ဒိယနိူင်ငံ အာဂရာမြို့ပြင် အာဂရာခံတပ်၏အရှေ့ဘက် 1မိုင်အကွာေ<သောလှပသည့်ဥယျာဉ်တစ်ခုအတွင်း၌တည်ရှိတယ်ဒီတာဂျ့်မဟာသည် ရှစ်မြှောင့်ပုံ အဆောက်အဦးကြီးဖြစ်ပြီး ပေ70 အမြင့် ရှိတယ်။
ဒါပေမယ့် အဲ့ဒီအဆောက်အဦးရဲ့ထိပ်တွင် ပေ120မြင့်သော ခုံဝိုင်းကြီးတပ်ဆင်ထားပြန်သဖြင့်စုစုပေါင်းပေက190ခန့်မြင့်တယ် ဒီအဆောက်အဦးကိုဆောက်လုပ်ရာတွင် U.S.$827millionကျော်ကုန်ကျသည်ဟုသိရှိရပြီး
အလုပ်သမားပေါင်းနှစ်သောင်းကျော်ကိုအသုံးပြုကာတည်ဆောက်ခဲ့ကြတယ်။ ဒါပေမယ့် နှစ်ပေါင်း20ကြာအောင်ဆောက်လုပ်ခဲ့ရတယ်။
ကြီးကျယ်ခမ်းနားလှသောဂူဗိမာန်ကိုဘာလို့ဆောက်ခဲ့လဲဆိုရင် မဂိုဘုရင် ရှားဂျာဟန်ကသူ့ရဲ့ ကွယ်လွန်ပြီးသော သူ့ရဲ့ဇနီး မွန်တာဇ်မဟာ ရာဂျ်အတွက်ရည်စူး၍တည်ဆောက်ခြင်းဖြစ်တယ်။
သူ့ရဲ့ဇနီးကွယ်လွန်ပြီးမကြာမှီမှာ တာ့ဂျ်မဟာရ်ကိုစတင်တည်ဆောက်ပြီး 1648ခုနှစ်တွင်ပြီးစီးခဲ့တယ်ဂူဗိမာန်ပတ် ဝန်းကျင်ရှိ အဆောက်အဦးများနှင့်ဥယျာဉ်များမှာ5နှစ်အကြာတွင်ပြီးစီးခဲ့တယ်။
တာ့ဂျ်မဟာကို တချို့လူတွေက ကမ္ဘာပေါ်မှာအလှဆုံးအဆောက်အအုံကြီးလို့ဆိုကြတယ် သူ့ရဲ့ထူးခြားတဲ့တည်ဆောက်မှုပုံစံက ပါရှန်း တုူရဂီ အိန္ဒိယ နှင့် အစ္စလာမ် ဗိသုကာပုံစံ အစိတ်အပိုင်းများကိုပေါင်းစပ်ပါဝင်နေတယ်။
1983ခုနှစ်မှာ တာ့ဂျ်မဟာသည် ယူနက်စကို၏ အံ့သြ လေးစားရလောက်တဲ့အဆောက်အအုံဖြစ်ပြီး ကမ္ဘာ၏အမွေခံအဆောက်အဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။
#Myanmar Builders Guide
Source:KyawMedia