သံချောင်းပေါ်က Fe 500 ဆိုတာ


06 December, 2020

သံချောင်းပေါ်တွင်  Fe 500 နှင့် Fe 500D ဆိုသည့်စာသားများအားတွေ့မိကြမှာပါ။

          Fe ကတော့ Iron ကိုကိုယ်စားပြုပြီး 500 ကတော့ သူ့ရဲ့ Yield Stress ကို MPa (သို့မဟုတ်) N/mm2 နှင့် ပြတာပါ။

          D ကတော့ The steel bars have a higher percentage of elongation ဖြစ်ပါတယ်။

         Fe 500 နဲ့ 500D ဘာကွာလဲဆိုတော့ Fe500D က Sulphur နဲ့  Phosphorus ပါဝင်နှုန်းနည်းသွားတာ carbon % နည်းသောကြောင့် ductility ပိုကောင်းပါတယ်။

         ductility ဆိုတာ elongation ပမာဏပင်ဖြစ်သည်။ထို့ကြောင့်ငလျင်ဒဏ်ခံအဆောက်အဦးများတွင် ductility ကောင်းသော သံချောင်းများ သုံးရပါသည်။

          ယခုနောက်ပိုင်းတွင် Fe500SD တွေတောင်ထွက်သည်။Fe 500D က 12% elongation ရှိပြီး Fe 500SD သည် 18% elongation ရှိတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ properties ကတော့-

          (၁) ကွေးရလွယ်ကူခြင်း (Easy Bendability )

          (၂) ငလျင်ဒဏ်ခံနိုင်ခြင်း(Earthquake Resistance)

          (၃)ဝရိန်တို့လျှင်လည်း စွမ်းအားမကျခြင်း (Superior Welding Strength)

         (၄)နန်းဆွဲခံနိုင်ခြင်း(Ductile and High Strength)

         (၅)သံချေးမတက်ခြင်း (Resists Rust)

         (၆)ကွန်ကရစ်နှင့်ကောင်းစွာ ပေါင်းဖက်နိုင်ခြင်း (Powerful Bonding) တို့ပဲဖြစ်ပါတယ်။

 

Tips Read 146 times