ပထမဆုံး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုဖြင့် သွင်းကုန်အစားထိုး ဓာတ်မြေသြဇာစက်ရုံတည်ဆောက်


02 November, 2020

အစိုးရသစ်လက်ထက်တွင် ပထမဆုံးနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြင့် ပြည်ပသွင်းကုန်အစားထိုးနိုင်မည့် ဓာတ်မြေသြဇာစက်ရုံတည်ဆောက်မှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

 ပြည်တွင်းမှ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုးရေးရှင်းလီမိတက်(MAPCO)၊ ဂျပန်နိုင်ငံမှ MITSUI ကုမ္ပဏီနှင့် ပင်ရင်းဂျာမဏီနိုင်ငံဖြစ်ပြီး ဒေသတွင်းတွင် မလေးရှားနိုင်ငံအခြေစိုက်သော BEHNMAYER ကုမ္ပဏီတို့အကျိုးတူပူးပေါင်းဖွဲ့စည်းတည်ထောင်ထားသည့် Agri First ကုမ္ပဏီလီမိတက်(AFC) မှယင်းဓာတ်မြေသြဇာစက်ရုံကို သီလဝါအထူးစီးပွားရေးဇုန်ဇုန်အေတါင် တည်ဆောက်ရန် မတ်လ ၁၅ ရက်ကပန္နက်တင်အုတ်မြစ်စီအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းစီမံကိန်းသည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးရင်းနှီးမြုပ်နှံဆောင်ရွက်သော FDI for Import Substitution Project ဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို ဆောင်ရွက်သော AFC မှာ MAPCO မှအစုရှယ်ယာ ၄၀ ရာခိုင်နှုန်းထည့်ဝင် ရင်းနှီးမြုပ်နှံ ထားကြောင်း သိရသည်။

ထိုဓာတ်မြေသြဇာစက်ရုံကို ပြည်တွင်းဓာတ်မြေသြဇာထုတ်လုပ်မှု လိုအပ်ချက်ဖြည့်ဆည်းရန်နှင့် သွင်းကုန် အစားထိုး ပြည်တွင်းထုတ်လုပ်မှုတိုးစေရန် ရည်ရွယ်၍ နိုင်ငံတကာအဆင့်မီ ဓာတ်မြေသြဇာစက်ရုံ အဖြစ် တည်ဆောက်ခြင်းဖြစ်သည်။

ယင်းစက်ရုံကို လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တည်ဆောက်မှုပြီးစီးကာ ပြည်တွင်းတွင် စတင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Source:Pyimyanmar journal

Factory and Industrial Plant Read 61 times