ချင်းပြည်နယ်တွင် ယခုလက်ရှိတည်ဆောက်လျှက်ရှိသော ဖလမ်းလေယာဉ်ကွင်းပြီးစီးသွားပါက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများဖြင့် လေယာဉ်ကွင်းငယ်ငါးခုထပ်မံဖောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်အစိုးရန်ပုံငွေဖြင့် ဖလမ်းလေဆိပ်ကို အရင်ဆုံးဖာက်လုပ်သွားမည်ဖြစ်ပြီး ပြီးစီးသွားပါက ကျန်ရှိသောလေဆိပ်ကို တစ်ကွင်းပြီးတစ်ကွင်း ဆက်လက်ဆောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်တွင် ပထမဆုံးဖြစ်လာမည့် လေယာဉ်ကွင်းကို ဖလမ်းမြို့တွင် နိုင်ငံတော်ရန်ပုံငွေကျပ် ၂၅ ဘီလျံကျော်ဖြင့် တည်ဆောက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
ယခုလက်ရှိတည်ဆောက်နေသော ဖလမ်းလေဆိပ်၏ ကုန်ကျစရိတ်မှာ နိုင်ငံတော်ရန်ပုံငွေနှင့် ဆောင်ရွက် နေခြင်းဖြစ်သည်။
ကျန်ရှိသည့်ကွင်းများကို ဒေသဖွံ့ဖြိုးရေးဖြစ်သည့်အတွက် ကုန်ကျစရိတ်ကို ဒေသဖွံ့ဖြိုးရေးစရိတ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဖလမ်းလေဆိပ်အပြင်ဆောက်မည့် လေယာဉ်ကွင်းများမှာ ဟားခါးမြို့၊ ထန်တလန်မြို့၊ လိုင်လင်ပီးမြို့၊ တီးတိန်မြို့နှင့် ပလက်ဝမြို့တို့တွင် တစ်ကွင်းစီဖောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Source:Daily eleven