အိမ်ယာဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်း ရေးဆွဲထား


27 October, 2020

မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အိမ်ရာဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်းရေးဆွဲထားရာ စုစုပေါင်းအိမ်ရာ ၁ ဒသမ ၈ သိန်းအထိအကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် တန်ဖိုးနည်းအခန်းပေါင်း ၂၂၀၀ စတင်ရောင်းချရန်ရှိပြီး ထပ်မံလိုအပ်သည့် နေအိမ်ခန်းများကိုလည်းတည်ဆောက်ဖြည့်ဆည်းသွားရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၅၀၄ ခန့်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာတွင် အခန်းပေါင်း ၈၄၀ စသည်တို့ကို ရောင်းချပေးမည်ဟု သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ၏ တန်ဖိုးများမှာ ကျပ် ၉၇ သိန်းမှ ၁၃၄ သိန်းကြားဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အိမ်ခန်းဝယ်ယူသူများသို့ ငွေချေးရာတွင် အိမ်ခန်းတန်ဖိုးကျပ်သိန်း ငွေချေးရာတွင် အိမ်ခန်းတန်ဖိုးကျပ်သိန်း ၃၀၀ အထိ ကနဦး (Down Payment) ပေးသွင်းမှုအနေဖြင့် ရာခိုင်နှုန်း ၃၀ အထိလည်းကောင်း၊ အိမ်ခန်းတန်ဖိုးကျပ်သိန်း ၃၀၀ ကျော်ပါက ရာခိုင်နှုန်း ၅၀ ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနစီမံချက်ဖြင့် တည်ဆောက်သော ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်းအိမ်ရာများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုထားသူများအားဦးစားပေးသည့်အနေဖြင့် ရာခိုင်နှုန်း ၃၀ သာပေးသွင်းရန်လိုအပ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိနှစ်နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၈၀၀၀ ကိုဦးစားပေးဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း၊ တန်ဖိုးနည်းအိမ်ရာကို အိမ်ခန်းတစ်ယူနစ်လျှင် ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချပေးနိုင်ရန် စီမကိန်းကုန်ကျစရိတ်ကို တန်ဖိုးမြင့်စီမံကိန်းမှ တန်ဖိုးနည်းစီမံကိန်းသို့ စိုက်ထုတ်ကျခံပေးသည့် နည်းလမ်းဖြင့် ကျခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Source:daily eleven

Public Housing Read 196 times