တရုတ်နိုင်ငံ နန်နင်းမြို့တော်မှ ခရိုင်တစ်ခုဖြစ်တဲ့ ကျန်းနန်းခရိုင်မှာ တည်ရှိတဲ့ ဇာပန်းထိုး အထည်ချုပ်စက်ရုံရဲ့ အဆောက်အဦဟောင်းတွေကို ပြန်လည်မွမ်းမံပြီး အသက်ဝင်လန်းဆန်းသွားအောင် minax architects က ဖန်တီးပေးခဲ့ပါတယ်။
မူလရှိထားပြီးသား အဆောက်အဦ ကြီးကြီးမားမားတွေ ကြားမှာ မိုးပျံတိမ်စင်္ကြံ ကို ထည့်သွင်းပေးခဲ့တယ်။
Changshu Jiangnan Group က ဗိသုကာလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကောင်အထည်ဖော်ခဲ့ကြတယ်။
စီမံကိန်းမှာ အဆောက်အဦကြီး ၄ ခု ပါဝင်တယ်။ စီမံကိန်း ဧရိယာက ၁၀,၀၀၀ စတုရန်းမီတာ ရှိပြီး ဆောက်လုပ်ရေး လုပ်ကိုင်ပေးရတဲ့ ဧရိယာက ၉,၇၂၆ စတုရန်းမီတာ ရှိတယ်။
တိမ်လို့ တင်စားထားတဲ့ ပလက်ဖောင်းက စက်ရုံအပေါ်မှာ ဝဲပျံနေတယ်။ မြေပြင်နဲ့ ခြေထိပ်ခတ်ခံထားရတဲ့ လူတွေ မြေပြင်နဲ့ ကင်းလွတ်ပြီး အမြင့်တစ်နေရာမှာ သွားသွားလာလာ လုပ်လို့ ရနေတယ်။ မြင်နေကျမဟုတ်တဲ့ အပေါ်စီးမှ မြင်နေရတဲ့ အမြင်ကို သွားရင်းလာရင်း အတွေ့အကြုံခံစားနိုင်တယ်။
အဆောက်အဦအဟောင်း ၄ ခု ပါဝင်တဲ့အနက် တစ်ခုက ကြံ့ခိုင်ရေး မကောင်းတော့လို့ အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်လို့ ဖျက်ချပြီး အသစ်ပြန်ဆောက်ခဲ့ကြတယ်။ ထုတ်လုပ်ရေး အလုပ်ရုံ၊ ရုံးအဆောက်အဦးနဲ့ စားသောက်ဆိုင် အဆောက်အဦတို့ကို တောင့်တောင့်တင်းတင်းဖြစ်အောင် အားဖြည့်တင်းပေးခဲ့ကြတယ်။
အဆောက်အဦတွေက အိုဟောင်နေလို့ အသက်မဝင် ဖြစ်နေတာကို အသက်ဝင်အောင် ပြန်လုပ်ပေးဖို့ မိုးပျံတိမ်စင်္ကြံကို ဒီဇိုင်းထုတ်ပြီး အကောင်အထည် ဖော်ပေးလိုက်ကြတယ်။
အမြင့်တစ်နေရာမှာ ခေတ်ဆန်တဲ့ မိုးပျံတိမ်စင်္ကြံပေါ် လျှောက်လှမ်းရင်း အောက်မှာ အတိတ်ရဲ့ အရိပ်တွေကို ပြသနေတဲ့ အဆောက်အဦ သုံးခုကို အပေါ်စီးမှ ရှုမြင်ရတယ်။
Source: designboom.com
project info:
name: transformation of jiangnan district embroidered garment factory
architects: minax architects
lead architect: lu zhigang
design team: huang congyi, liu zhirui, zhao ruixue, liu chang
construction: suzhou ansheng construction design consulting co., ltd.
client: jiangsu jiangnan trading group co., ltd
location: changshu, china
area: 9726 sqm (10,4689.8 sqft)
year: 2021
photography: wu qinshan, lu zhigang